2 [Birthday Present]

15.1K 1.8K 73
                                    

ချန်ရှုစိတ်ထဲတွင် သူ့ခေါင်းထဲမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးတည်ထားသလို ပူလောင်နေတာပဲ သိတော့တယ် စစ်ရယ်နဲ့အတူ ဘယ်တုံးကအတူတူ ထိုင်မိသလဲ သူမသိတော့ဘူး

"ရေသောက်လိုက် "

စစ်ရယ့်သွမ် က ချန်ရှုကို ရေနွေးတစ်ခွက် ပေးလိုက်တယ်။ ဖန်ခွက်ထဲကရေနွေးသည် ဖောက်ထွင်းမြင်ရတဲ့အထိ ကြည်လင်နေပီး ရေနွေးငွေ့နွေးနွေးလေးများ ထွက်ပေါ်နေသည်

(ပူနေပါတယ်ဆိုမှ ရေနွေးတိုက် ကျေးဇူးးးး)

"ကျေးဇူးတင်ပါတယ်အန်ကယ်။"

ချန်ရှုသည် ခွက်ကို သတိထား ကိုင်လိုက်ပြီးနောက် စစ်ရယ်ရဲ့လက်ကို မကြည့်ပဲမ‌နေနိုင်ပေ။ စစ်ရယ်ရဲ့လက်တွေက ဖြူဖွေးသွယ်လျပြီး ထင်ရှားတဲ့အဆစ်တွေ နဲ့ လက်သည်းကိုလဲ သန့်ရှင်းသပ်ရပ်စွာ ညှပ်ထားသေးသည်။ထိုလက်ချောင်းများက တကယ့်ကိုအနုပညာရှင်တစ်ယောက်လိုပဲ အရမ်းလှပတယ်။လှပလွန်းတဲ့လက်ချောင်းလေးတွေ ကို အနုပညာတစ်ခုအဖြစ်တောင် မှတ်ယူနိုင်တယ်

ရေနွေးတစ်ခွက်သောက်ပြီးနောက် ချန်ရှု ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများလျော့မသွားဘဲ သူ့အတွေးများ တဖြည်းဖြည်း ထိန်းချုပ်မရဖြစ်လာကာ စစ်ရယ်ကိုကြည့်တဲ့ အကြည့်တေက မှုန်ဝါးလာပီး တဖြေးဖြေးနဲ့ မသဲမကွဲဖြစ်လာတယ်

"ဒေါက် ဒေါက်"

တံခါးခေါက်သံ‌ထွက်လာပြီးတဲ့နောက်မှာ အိမ်အကူတစ်ယောက်က ကိတ်မုန့်ယူလာခဲ့တယ်။ကိတ်မုန့်ကို ကြည့်လိုက်တော့ တစ်ယောက်စာအရွယ်သာသာ‌လေး ကြီးကြီးမားမားမဟုတ်ပေမဲ့လဲ နူးညံ့တဲ့ပုံစံထင်ရတယ်။

ချန်ရှုကတော့ မယုံနိုင်လောက်အောင်
မိန်းမောမိသွားသည်။

"ကျွန်တော့်အတွက်?"

ချန်ရှု သည် သူ့ရှေ့က ကိတ်မုန့်လေးကို လက်ညှိုးထိုးပြပြီး စစ်ရယ်ကို အံ့သြစွာ မေးလိုက်မိတယ်။

စစ်ရယ်က သူ့ဘေးမှာထိုင်ပြီး

"ဟုတ်တယ်"

လို့ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်တယ်

ချန်ရှုသည် အခုအချိန်မှာ သူဘယ်လိုခံစားနေရလဲကို မပြောပြနိုင်ပေ။တစ်စုံတစ်ယောက်က သူ့အတွက် ကိတ်မုန့်၊ သူတစ်ယောက်တည်းပိုင်တဲ့ ကိတ်မုန့်ကို ပထမဆုံးအကြိမ်‌ ပေးနေခြင်းဖြစ်သည်။စစ်ရိချန်ရဲ့လောင်းရိပ်မှ ရလာခြင်း မဟုတ်သလို စစ်ရိချန်ရဲ့ရက်ရောချင်ယောင်ဆောင်ထားသော ကိတ်မုန့်ဝေစုလည်း မဟုတ်ဘူး

ပြန်လည်ရှင်သန်ပီးနောက်သူဌေးကြီးရဲ့ချစ်ဇနီးလေးဖြစ်လာခဲ့တယ် [BL]Where stories live. Discover now