"ဒေါက်...ဒေါက်...."
စနေနေ့ကျောင်းပိတ်ရက်မို့ မီးဖိုခန်းထဲမှာ ကိုယ်စားချင်တာလေးတွေ ဝင်ရောက်ချက်ပြုတ်နေတဲ့ ဒုကျောင်းအုပ်ကြီး ဝမ်ရိပေါ်တယောက် စောစောစီးစီး အိမ်ရှေ့မှ တံခါးခေါက်သံကြောင့် မီးခလုတ်ကို ပိတ်ကာ
"လာပြီ...လာပြီ..."
အသံပြုရင်း တံခါးကို သွားဖွင့်ပေးလိုက်တော့
"သားငယ်....."
"ဟဲ..ဟဲ...suprise ကိုကို...."
ရိပေါ် မိမိရှေ့မှ ကောင်လေးကိုကြည့်ရင်း အံ့ဩမှင်သက်နေမိသည်။မတွေ့ရတာကြာတဲ့မျက်နှာနုနုလေးက ရွှင်ပြစွာနဲ့။
"ဘယ်လိုလာခဲ့တာလဲ....ဘယ်သူတွေပါသေးသလဲ...မာမားကရော...."
ဘေးဘီကိုပါဝေ့ဝဲကြည့်ရင်း မာမားများပါလေမလားဆိုတဲ့အတွေးနဲ့ ရှာမိတော့
"ဟားး....အိမ်ထဲအရင်ပေးဝင်ပါဦးလား ကိုကိုရာ....မေးခွန်းတွေကများလိုက်တာ...."
ညီဖြစ်သူ leoရဲ့ ခပ်ညည်းညည်းလေးပြောလိုက်မှ အိမ်ထဲဝင်ခိုင်းဖိူ့ ရိပေါ်သတိရမိသွားကာ
"ဟုတ်သားဘဲ....လာ လာ အိမ်ထဲဝင် အငယ်လေး...."
အိမ်ထဲရောက်တော့ ဧည့်ခန်းလေးမှာ ညီအကိုနှစ်ယောက်ထိုင်ဖြစ်ကြရင်း leoယူလာတဲ့ ခရီးဆောင်အိတ်ကြီးဆီအကြည့်ရောက်သွားခိုက်
"အဝတ်စားတွေကများလှပါလား....ဘယ်နှရက်နေမှာမို့ အဲ့လောက်အများကြီးယူလာတာလဲ....ဘာနဲ့လာခဲ့တာလဲ...."
"များဆို သားက ဒီမှာ ပျော်သလောက်နေမှာလေ....လေယာဉ်နဲ့လာခဲ့တာ...."
"ဟုတ်ပါပြီ....မင်းဒီလာတာ မာမားရော သိရဲ့လား....မာမားနဲ့ရန်ဖြစ်လာတာတော့မဟုတ်ဘူးမလား အငယ်လေး...."
ရိပေါ် leoမျက်နှာကို သေချာအကဲခတ်ကြည့်ရင်း စူးစမ်းသလိူမေးလိုက်မိသည်။
"မာမားသိပါတယ်....သားလဲ သိပ်မကြာခင် အလုပ်ဝင်ရတော့မှာဆိုတော့ သင်တန်းပိတ်တုန်းလေး အလည်ထွက်လာတာ...."
"ဟုတ်လို့လား....မာမားနဲ့စကားများခဲ့တာမဟုတ်ဘူးလား...."
ကိုယ့်ကို မယူံသင်္ကာနဲ့ ရဲစစ်ပုလိပ်စစ် စစ်မေးနေတဲ့ အကိုကြောင့်
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)