Chapter 37

2.2K 141 19
                                    

"ကျွီ...."

တံခါးဖွင့်သံကြောင့် daddyလားဆိုတဲ့အတွေးနဲ့ အနောက်လှည့်မိတော့ seanထင်မှတ်မထားတဲ့ ဆရာဝမ်ဖြစ်နေသည်။

ဒေါသတွေ မာနတွေနဲ့ တင်းမာခဲ့သောလှပတဲ့ဆရာဝမ်ရဲ့ မျက်နှာလေးက အခုအခါမှာ နွမ်းလျလို့နေသည်မို့ seanမှာ သက်ပြင်းရှိုက်မိသည်။သူလဲ တသက်လုံးဖုံးကွယ်ထားတဲ့ အမှန်တရားတခုကြောင့် နာကြင်ပင်ပန်းနေခဲ့မှာဘဲ။

"ငယ်လေးက အိပ်နေတာလား....."

Leoလေးအိပ်နေတဲ့ ခုတင်ဘေးကနေ seanဖယ်ပေးလိုက်တော့ ဆရာဝမ်က တင်ပါးလွဲလေးဝင်ထိုင်ရင်း leoကိုကြည့်ကာ ဆိူသည်။

"ဟုတ်တယ်.....ချာတိတ်လေးက ခုနကမှ အိပ်သွားတာ......"

တညလူံးမအိပ်ဘဲ ငိူနေတယ်ဆိုတာတော့ seanထည့်မပြောဖြစ်ပါ။ဒီဖြစ်ရပ်မှာ နာကြင်ကြရတာချင်းအတူတူတွေဘဲမို့ ဘယ်သူကတော့ သာပိုပါတယ်လို့လဲ Seanပြောမနေချင်တော့ပါဘူး။ကြားကြားချင်း ဘယ်လိုမှမယုံကြည်နိုင်ခဲ့ပေမဲ့ ဖြစ်လာသမျှအကြောင်း အကောင်းကြည့်ဘဲဟု ကိုယ့်စိတ်ကိုဖြေတွေးနေရသည်သာ။

"သားကို အန်ကယ်လ် မျက်နှာပူပူနဲ့ဘဲတောင်းဆိုပါရစေ....."

ချာတိတ်ရဲ့အဖေ daddyရဲ့သက်ဆိုင်သူမို့ Seanက ပါးပါးလို့ခေါ်မည်ဟု စဉ်းစားထားပေမဲ့ သူ့ကိုယ်သူ အန်ကယ်လ်ဟုသူံးနှုန်းနေတဲ့ ရိပေါ်စကားကြောင့် seanမသိမသာလေးပြုံးလိုက်မိသည်။

"ဟုတ်ကဲ့....ပြောပါ ဆရာဝမ်...."

Seanချော့သိပ်ထားလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရှာတဲ့ leoလေးရဲ့ ဆံပင်ပြာပြာလေးတွေကို သပ်တင်ပေးရင်း

" တသက်လုံး တဦးတည်းသောသားအဖြစ် နေလာခဲ့ရပြီးမှ ကောက်ခါငင်ခါကြီး ညီတယောက်ထပ်ရလိုက်တော့ မင်းလဲ စိတ်ရှုပ်‌နေမှာသိ‌ပါတယ်.....ဒါပေမဲ့ သားညီလေးကို ဒီရက်ပိုင်းမှာ ပိုပြီးဂရုစိုက်ပေးပါဦး......အန်ကယ်လ်တောင်းဆိူတာပါ....."

ဘယ်လောက်တောင် ငိူထားတာလဲ ငယ်လေးရယ်။ မို့အစ်နေတဲ့ မျက်ခွံမို့မို့‌လေးတွေ၊နီဆွေးနေတဲ့ နှာသီးဖျားလေးတွေနဲ့ မှေးမှိတ်ထားတဲ့ မျက်တောင်‌ကော့ကော့ရှည်ရှည်‌ လေးတွေမှာပါ မျက်ရည်စတို့က စွတ်စိုနေတုန်းမို့ ကြည့်မိတဲ့ရိပေါ်မှာ ရင်ထုမနာဖြစ်ရသည်။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Onde histórias criam vida. Descubra agora