Chapter 36

2.3K 133 18
                                    

"ပူတူးလေး....ကလေး...."

အဖျားရှိန်ကြောင့် ကျိန်းစက်နေတဲ့ မျက်ဝန်းတွေကို ရိပေါ်ဖွင့်ဖို့ အားယူနေတုန်းမှာပင် ဝမ်းသာအားရနဲ့ တမြတ်နိုးခေါ်လိုက်တဲ့ နာမ်စားအသူံးလေးကြောင့် ရှောင်းကျန့်ရှိနေမှန်း ရိပေါ်သိလိုက်ရသည်။

"သက်သာရဲ့လား ကလေး.....ဘယ်လိုနေသေးလဲ....."

ဂရုတစိုက်ရှိလှတဲ့ စိုးရိမ်မကင်းမေးမြန်းသံက ‌ရိပေါ်ရင်ထဲ စီးဆင်းနစ်ဝင်သွားရာ မျက်ခွံတံခါးတို့ကို အတင်းတွန်းကန်ဖွင့်ကြည့်လိုက်တော့ သူ့ကို ငုံ့မိုးစိုက်ကြည့်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် ခေါင်းငြိမ့်ပြလိုက်မိသည်။

"သား...ကျနော့်သားရောဟင်....."

အခုချိန်ထိကို အတ္တတွေကဲနေတုန်းပါလား အချစ်ရယ်။သူ့ကိုမြင်မြင်ချင်း မေးတဲ့စကားက သား ကျနော့်သားတဲ့လား။

"မင်းသားတွေ ပြန်ရောက်နေပါပြီ.....အောက်မှာ ရှိ‌တယ်....."

ရှောင်းကျန့်လဲ ရိပေါ်အလိုကျ ပြန်ဖြေလိုက်တော့ ရုန်းထဖိူ့ ကြိုးစားရှာတဲ့ ရိပေါ်မှာ လက်တဖက်က ဆေးပိုက်တန်းလန်းနဲ့ဆိုတာ သတိထားမိဟန်မတူပေ။

"ဘာလုပ်မလို့လဲ.....မင်းလက်မှာ ဆေးသွင်းထားတယ်လေ....အပ်ပြုတ်သွားမယ်....."

အထမခံဘဲ ရင်ခွင်ထဲ ဆွဲယူပွေ့ပိုက်ထားရင်း ဆံပင်ညိုညိုတို့ သပ်တင်ပေးကာ ရှောင်းကျန့်ပြောမိတော့

"ကျနော် သားနဲ့ တွေ့ချင်တယ်....."

သူ့ရင်ခွင်ထဲမှာ မှီထားရင်း တိုးသဲ့သဲ့ဆိုလာတဲ့ ရိပေါ်က သားleoကို ရှင်းပြစရာ ပြောစရာ‌တွေ ရှိနေဟန်တူသည်မို့

"Ok....ကိုယ်လှမ်းခေါ်လိုက်မယ်.....မင်းသာ ငြိမ်ငြိမ်လေးနေပါ.....နေကောင်းလဲမဟုတ်ဘဲနဲ့.....မင်းမူးလဲသွားတော့ ကိုယ်ဘယ်လောက်ရင်ထိတ်သွားတယ် မှတ်လဲ....."

လွမ်းဆွတ်တမ်းတခဲ့ရသော ကိုယ်လူံးနွေးနွေးလေးကို ရှောင်းကျန့်မလွတ်တမ်းပွေ့ပိုက်ထားရင်း နဖူးပြေပြေလေးကိူ အနမ်းတပွင့်ခြေလိုက်မိသည်။

ရိပေါ်မရုန်းမိသလို မတွန်းဖယ်ဖြစ်ပါ။သူ့ရင်ထဲမှာ လွန်ခဲ့သော အနှစ်၂၀ကျော်က ခံစားချက်မျိုးနဲ့ စိတ်လှုပ်ရှားရင်ခုန်နေရသည်သာ။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Tempat cerita menjadi hidup. Temukan sekarang