Chapter 45

2.2K 130 15
                                    

ထိုနေ့ရက်အစပြုပြီးတဲ့နောက်ပိုင်း သူတို့နှစ်ယောက်ကြားက ချစ်ခြင်း‌သစ္စာပန္နက်တွေက ပိုလို့သာ ခိုင်မြဲလာကြသည်။ဘာဘဲဖြစ်ဖြစ် အချစ်ရ‌ဆုံးသူထံ ပထမဦးဆုံးသည်းဦးပန်းလေးဆက်သနိုင်ခဲ့သည်မို့ ရိပေါ်ပျော်ပါသည်။

ကျောင်းတွေပြန်ဖွင့်တော့လဲ အရင်လို အဓိပတိလမ်းမကြီးထက် ရွှေလက်တွဲလို့ မြဲခဲ့ကြသေးသည်။ပျော်စရာအမှတ်တရတွေဆိုတာ ကိုကိုနဲ့အတူရှိနေခဲ့တဲ့အခိုက်အတန့်ကိုများ ရည်ညွှန်းလေရော့သလားမသိ။

ကိုကိုက ရိပေါ်အတွက် ဘဝခန္ဓာနှစ်ပါးလုံး မှီတွယ်ထားမိတဲ့ ရိပေါ်ရဲ့ အရာရာပါ ကိုကို....။

ဒီနေ့ ရိပေါ်တို့ ဒုတိယနှစ်တွေ second semester စာမေးပွဲကြီးဖြေပြီးလို့ အထိန်းအမှတ်အနေနဲ့ ကိုကိုက ရိပေါ်နဲ့ကျိရန်ကို ထမင်းလိုက်ကြွေးတယ်လေ။

ရိပေါ်ဘေးမှာထိုင်ကာ ပန်းကန်ထဲကို ဟင်းတွေတမျိုးပြီးတမျိုးထည့်ပေးနေတဲ့ ကိုကို‌အား

"တော်ပြီလေ ကိုကိုရဲ့....ကလေးကဒီလောက်ဟင်းတွေအများကြီးကို ဘယ်လိုလုပ်ကုန်မှာလဲလို့.....ကိုကိုလဲစားပါဦး....."

ရိပေါ်လေးပြောလဲ ပြောချင်စရာ သူ့ပန်းကန်ထဲသာ ဘာဟင်းမှမရှိတာ ရိပေါ်ထဲမှာတော့ ဟင်းတွေကိုစုံလို့။

"ကိုကိုက ပူတူးလေးကိူစားစေချင်လို့ပါ....ကိုကို့စေတနာတွေလေ....."

"ကျေးဇူးတင်ပါတယ်....."

ရိပေါ်မျကိနှာနုနုလေးက ပန်း‌သွေးရောင်လေး ပြေးကာ ပြုံးနေသလို ရှောငိးကျန့်မျက်လုံးအစူံကလဲ တဖျတ်ဖျတ်လက်လို့ ညို့ငင်စွမ်းရှိတဲ့ အပြုံးတွေက ပေါပေါများများ။

တူလေးကိုက်လိူ့ မျက်နှာငယ်လေးနဲ့ ထိုင်ကြည့်နေတဲ့ ဟောက်ရွှမ်းက ထိုနှစ်ယောက်ကို စိတ်ကုန်၍ ကျန်းချန်တို့ကို လှမ်းကြည့်တော့ စာစောင်တခုကိုအတူကြည့်ရင်း တဟီးဟီးတဟားဟား။

"ငါလဲ လင်ရှာတော့မယ်......"

ကြေကြေကွဲကွဲကြီးထပြောလိုက်တဲ့ ဟောက်ရွှမ်းစကားကို ဘယ်သူမှ အဖက်မလုပ်တာကြောင့် စိတ်ပျက်လက်ပျက်နဲ့သာ ထိုင်နေရတော့ပေသည်။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Where stories live. Discover now