လော့ရန်မြို့နယ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ လိုအပ်တာများ လှုဒါန်းချင်ပါတယ်ဆိုပြီး Mr.ရှောင်းကျန့်ရဲ့ ဖိတ်ကြားမှုကြောင့် ရိပေါ်တို့ The Star Restaurantကို ရောက်ရှိလာရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆေးရုံအုပ်ကြီးအပါအဝင် တခြားဌာနဆိုင်ရာမှ အကြီးအကဲတွေကိုပါ ညစာစားပွဲဖိတ်ထားသည်။ယောက်ျားသားတွေဖြစ်တဲ့အပြင် အသောက်အစားလဲ ပါကြမှာမို့ ကျောင်းအုပ်ဆရာမကြီးအနေနဲ့ မသင့်တော်တာကြောင့် လက်ထောက်ကျောင်းအုပ်ဖြစ်တဲ့ ရိပေါ်ကို တက်ရောက်ခိုင်းသည်မို့ ယွီပင်းကိုပါ အဖော်ခေါ်ခဲ့ရသည်။
ရိပေါ်တို့ ညစာစားပွဲရောက်တော့ လူကအတော်စုံလင်နေပြီ။မြို့နယ်အုပ်ချုပ်ရေးမှုးနဲ့ ဒေါက်တာဟန်မင်တို့က ရိပေါ်တို့ကိုမြင်၍ လက်လှမ်းပြလာတော့ ရိပေါ်တို့လဲ ထိုဝိုင်းမှာသာ ထိုင်ဖြစ်ကြသည်။
"လာပြီလား ဆရာဝမ်....leoလေးလဲ ပါလာတာလား....."
"ဟုတ်တယ် အန်ကယ်လ်လု....ညဘက်ဆိုတော့ အိမ်မှာတယောက်ထဲ ဖြစ်နေမှာမို့ ငယ်လေးကိုပါ ခေါ်လာတာ....."
အုပ်ချုပ်ရေးမှုး လုဖန်းယွီက ခပ်ပြုံးပြုံးနှုတ်ဆက်လာသည်မို့ ရိပေါ်အလိုက်အထိုက်ပြန်ဖြေရင်း မျက်လုံးဝေ့ကြည့်ကာ ဟိူလူ့ကိုရှာနေမိသည်။
"Leoလေး အန်ကယ်လ်ကို မှတ်မိလားကွ...."
အန်ကယ်လ်လုရဲ့ အမေးကို မျက်လုံးအဝိုင်းသားနဲ့ ပြန်ကြည့်ကာ ရိပေါ်နားတိူးတိူးကပ်လို့ ဘယ်သူလဲဟု မေးလာတဲ့ ငယ်လေးကြောင့်
"ပါပါးသူငယ်ချင်းလေ အန်ကယ်လ် လုဖန်းယွီတဲ့.....အဲ့တုန်းက ငယ်လေးက နဲနဲငယ်သေးတော့ အန်ကယ်လ်ကို မမှတ်မိဘူးဖြစ်နေတာ....."
Leoကိုေဖြရင််း အန်ကယ်လ်လုကိုပါ ရိပေါ်ရှင်းပြလိုက်မိသည်။ဒေါက်တာဟန်ကတော့ ရိပေါ်စကားပြောနေပုံလေးကိုသာ ပြုံးပြီးစိူက်ကြည့်နေမိသည်။ချစ်စရာကောင်းလိုက်တာ ဆရာဝမ်ရယ်။
ထိုအချိန် Seanရောက်လာကာ ရိပေါ်ထံကနေ leoကိူ လူငယ်ဝိုင်းမှာထိုင်ဖိူ့ ခွင့်တောင်းခြင်းကြောင့် အန်ကယ်လ်နဲ့စကားစပြတ်သွားရသည်။
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)