Chapter 47

2.8K 132 8
                                    

ကိုကိုရေ။
ကျနော်ပျော်ရမှာလား ဝမ်းနည်းရမှာလားဟင်။ဦးတည်ရာမဲ့ပြီး ကျနော်လမ်းပျောက်နေတယ်။ကျနော်တို့ရဲ့ ကလေးလေးနဲ့အတူပေါ့ကိုကိုရယ်။

ဟုတ်တယ် ကိုကို....ကျနော့်မှာ ကိုကို့ရင်သွေးလေးရှိနေပြီတဲ့လေ။ကိုကိုသိလား ကြားကြားချင်း ကျနော်မယုံနိုင်ဖြစ်ခဲ့ရတယ်တဆက်ထဲမှာလဲ ကိုကို့ရဲ့ကိုယ်ပွားလေးဆိုတဲ့အသိနဲ့ ပျော်တယ် ကိုကို။ကိုကိူသိရင်လဲ သေချာပေါက်ပျော်နေမှာ ကျနော်သိတယ်။

ဒါပေမဲ့....ဒါပေမဲ့ ကျနော်ပါးပါးက ဒီကလေးလေးကို ဖြတ်ချခိုင်းနေတယ်....ကျနော်ဘယ်လိုလုပ်ရမလဲဟင်.....လမ်းပြကြယ်ဖြစ်တဲ့ကိုကိုသာ ကျနော့်အနားမှာရှိရင် ကိုကို့လက်ကိုတွဲလို့ အရာရာရင်ဆိုင်မိမှာ။

"ငါပြောနေတာကြားသလား.....အဲ့ကလေးကိုဖြတ်ချပစ်လိုက်....."

မျက်ရည်အတွေတွေကျရင်း အပြင်ဘက်ကိုသာ ငေးကြည့်နေတဲ့သားကို ဝမ်ရိကျိုးအားမလိုအားမရဖြစ်မိသည်။

"အကြင်နာတရားမရှိဘူး.....ရက်စက်လွန်းတယ်....."

သူ့ဘာသူဘဲ တကိုယ်တည်းရေရွတ်နေသလား ကိုယ့်ကိုဘဲရည်ရွယ်ပြောနေသလားမသိနိုင်အောင်ထိ သားရဲ့အသွင်ကညိုးငယ်နွမ်းလျစွာ။အမေလုပ်သူကတော့ သူမသားနည်းတူ မယူံကြည်နိုင်တဲ့မျက်လူံးတွေနဲ့ ဝမ်ရိကျိုးကို ကြည့်လာသည်။

သားလို ဆယ်ကျော်သက်အရွယ်လေးက လွတ်လပ်ပျော်ရွှင်နေရမှာ....၁၈နှစ်တောင်မပြည့်သေးတဲ့ သူ့ရဲ့သားက အခုမှ ဖူးသစ်စပန်းလေးတပွင့်လို အစွမ်းကုန်လှပနေရမှာ....ဒါတွေဟာ သူအအုပ်အထိန်းညံ့ခဲ့လို့....။သူအသုံးမကျခဲ့လို့သားလေး ဒီလိုအခြေနေကြုံရရှာတာ......။

"ဝမ်ရိပေါ်က လင်ကောင်မပေါ်ဘဲရတဲ့ကလေးကို အတော်မွေးချင်နေတာလား.....လူကြားထဲ ငါတသက်လုံးမော်မကြည့်ရဲတဲ့ဘဝကို အရောက်ပို့ချင်နေတာလား.....ဟုတ်သလား...."

"ကျနော့်ကလေးမှာ အဖေခေါ်စရာရှိပါတယ်....ခေါ်ခွင့်မရအောင် ပါပါးဘဲလုပ်နေတာမဟုတ်ဘူးလား.....ကျနော်က ဒီကလေးကို ရအောင်မွေးမှာ....."

"မင်း....ငါ့ကိုတော်ရုံလောက်ဘဲအရှက်ခွဲစမ်းပါ.....မင်းသိပ်တော်ချင်နေတဲ့ မင်းလင်ဆိုတဲ့လူနဲ့သာရကြည့်စမ်း.....လင်ဆိုးမယားတဖားဖားတဲ့ ဒူးနဲ့တင်မဟုတ်ဘူး ခြေမျက်စိနဲ့ပါ မင်းမျက်ရည်သုတ်ရမှာ....."

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Hikayelerin yaşadığı yer. Şimdi keşfedin