"ဟာ ဆရာတို့ပါလား....."
ရိပေါ်နဲ့ ယွီပင်းတို့ ကော်ဖီဆိုင်မှ အထွက် ကားပေါ်မှ ဆင်းကာလှမ်းနှုတ်ဆက်လာတဲ့ ဒေါက်တာဟန်မင်အား
"ဪ...ဒေါက်တာဟန်ပါလား....ကော်ဖီလာသောက်တာလား ဒေါက်တာ....."
စကားသွက်တဲ့ ယွီပင်းက ပြန်လည်နှုတ်ဆက်လိုက်ပေမဲ့ ဘေးက ရိပေါ်ကတော့ တုံဏိဘာဝေ။
"ဟုတ်တယ်....ဆရာတို့ရော ပြန်ကြတော့မလို့လား...."
ဒေါက်တာဟန်က လော့ရန်မြို့ရဲ့ ဆေးရုံအုပ်ကြီး။ရိပေါ်တို့ကျောင်းမှာ ကျောင်းကျန်းမာရေးဟောပြောပွဲလာတုန်းက သိကျွမ်းခဲ့ခြင်းဖြစ်သည်။
"ဟုတ်တယ် ဒေါက်တာ...."
"ဟာဗျာ.....ဒီလိုမှန်းသိရင် ကျနော်စောစောလာပါတယ်....ဆရာတို့နဲ့ အေးအေးဆေးဆေးစကားပြောချင်နေတာ...."
ဆရာယွီပင်းနဲ့သာ စကားပြောနေရပေမဲ့ ဟန်မင်မျက်လုံးတို့က ရိပေါ်ထံ၌သာ တဝဲလည်လည်ရှိနေရသည်။
"နောက်ဆုံဦးမှာပေါ့ဗျာ....."
"Okဗျာ....နောက်ရက် ကျနော်ဖုန်းဆက်လိုက်မယ်....ဆရာဝမ်ပါလိုက်ခဲ့ရမယ်နော်....."
နာမည်ထည့်ပြီး ပြောလာသည်မို့ ရိပေါ်မလွဲသာမရှောင်သာနဲ့ ဒေါက်တာဟန်ကို ခေါင်းငြိမ့်ပြလိုက်သည်။
"သွားရအောင်လေ ယွီပင်း.....အိမ်မှာငယ်လေးတယောက်ထဲ.....နောက်ကြရင်မကောင်းဘူး...."
လေပေါနေတဲ့ ယွီပင်းကိုပါ တဆက်ထဲဆော်ဩလိုက်ပြီး ဒေါက်တာဟန်ကို ကြည့်ကာ
"ခွင့်ပြုပါဦး ဒေါက်တာ....."
ပြောပြီးပြီးချင်း ရိပေါ်ထိုနေရာကနေ ထွက်လာကာ ယွီပင်းကားပေါ်တက်ထိုင်နေလိုက်သည်။
ဒေါက်တာဟန်မှာလဲ သူ့ကိုနှုတ်ဆတ်ရင်း ထွက်သွားတဲ့ ဆရာဝမ်ရဲ့ ကျောပြင်ငယ်ကို လိုက်ကြည့်နေမိသည်။အမြဲတမ်း ခပ်တည်တည်နေတက်တဲ့ ဆရာဝမ်ကို သူသဘောကျနေမိသည်။
"မင်းကလဲ ဒေါက်တာကို အားနာစရာကြီး...."
ကားပေါ်ရောက်လာတဲ့ ယွီပင်းက ရိပေါ်ကို အပစ်တင်သလိုလို ဆိုလိုက်တော့
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)