ချာတိတ်လေးကို ချစ်စကားဆိုနေတုန်းမှာပင် ရှက်ပြီး ချက်ချင်းဖုန်းတန်းချသွားတာကြောင့် ဖုန်းကိုရင်ဘတ်ပေါ်တင်ကာ ကြေနပ်ပြုံးကြီးနဲ့မချင့်မရဲရှိနေတဲ့ seanတယောက် ဖုန်းသံကထပ်မြည်လာတာမို့ ချာတိတ်လားဆိုတဲ့အတွေးနဲ့ ချက်ချင်းကောက်ကြည့်မိတော့မှ မွေးသဖခင်ကြီးဖြစ်လို့နေပေသည်။
"ဘယ်လိုလဲ သား....အဲ့မှာနေရတာ အဆင်ပြေရဲ့လား....ဘာလိုအပ်တာရှိသေးလဲ....."
"ပြေပါတယ် daddy.... ပြန်မလာချင်မိအောင်ဘဲ.....သားဒီမှာေနရတာ အကုန်အဆင်ပြေပါတယ်....."
"ဧကန်န...တော်တော်အဆင်ပြေနေပြီ ဆိုပါတော့...."
သားရဲ့အသံက ရွှင်မြူးနေသလားလို့ ရှောင်းကျန့်စိတ်ထဲထင်မိတာကြောင့် မေးလိုက်တော့
"ဟားးး...daddyကတော့ဗျာ...Mr.ရှောင်းလို့မပြောရဘူး....အသံနားထောင်တာနဲ့တန်းသိတော့တာဘဲ...."
"အဟွန်း...ဟွန်း....ဒါကတော့ မင်းအဖေကိုကွ....ကိုယ့်သားဘာဖြစ်နေလဲ သိတာပေါ့...မင်းကလဲ ရောက်တာမကြာသေးဘူး ရင်ခုန်သံကတွေ့နေပြီလား ....."
သူတို့ကသားအဖလို့သာ ပြောပေမဲ့ သူငယ်ချင်းလိုသာ daddyကပေါင်းသင်းတာမို့ Sean daddyကို ပွင့်ပွင့်လင်းလင်းရှိကာ သားအဖကြားရှိန်တာကြောက်တာမရှိဘဲ လေးစားချစ်ခင်ရခြင်းများသာ။
"ကြိုးစားဆဲပါ daddyရာ....."
"ရင်ခုန်သံလေးလဲ ကြိုးစားရင်း တဖက်က daddyခိုင်းတာလေးလဲ လုပ်ဦး....မင်းကိုအဲ့လွတ်တာ ကုသိုလ်ေရးအလှုအတန်းတွက်နော်.....ဖွန်ဘဲကြောင်မနေနဲ့ဦး......"
ခမည်းတော်ရဲ့ ပိဿာလေးနဲ့ ဘေးပစ်လိုက်သလိုအပြောကြောင့် Seanမှာ အရှိုက်ထိသွားရကာ
"ပြောရက်လိုက်တာ daddyရာ....ဒီသားလေးတယောက်ရှိတာကို...."
"အဟွန်း ဟွန်း...ဒီသားလေးတယောက်ရှိတာမို့ လက်မနှေးနဲ့နော်....လိုအပ်တာရှိရင်ပြော daddyကူညီဖို့အသင့်ဘဲ သား....."
"Okဗျာ daddy......"
"အဲ့ဒါဆို ဘာပြောစရာကျန်သေးလဲ သား..."
"မရှိတော့ပါဘူး daddy လာမဲ့ရက်ကို သားကို ကြိုပြောလေ....ဒီမှာစီစဉ်စရာလေးတွေရှိတာ စီစဉ်ထားရအောင်....."
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)