"ဟား....ဟား....ဟား....သိပ်တော်ကြတယ်....ခင်ဗျားတို့တွေ သိပ်ကိုတော်လွန်းကြတယ်....ဖြောင်း....ဖြောင်း.....ဖြောင်း....."
ရှောင်းကျန့်တို့သားအဖရဲ့ မေတ္တာဇာတ်ဝင်ခန်းကို leoငေးကြောင်ကြည့်နေရင်းမှ လက်ခုပ်တဖြောင်းဖြောင်းတီးကာ မတ်တပ်ရပ်လိုက်ရင်း ဩဘာပေးမိတော့မှ အကုန်လူံးရဲ့အကြည့်တွေက သူ့ထံဆိုက်ရောက်လာကြသည်။
"ငယ်လေး....."
ဝင်ရောက်ရှင်းပြချင်နေတဲ့ သူ့အဖေဆ်ုသော ဝမ်ရိပေါ်ကို leoခါးခါးသီးသီးကြည့်ရင်း
"တယောက်ကလဲ ကိုယ့်သားသမီးကို တခြားသူလက်ထဲမှာ ကြီးပြင်းခိုင်းပြီး တသက်လုံးမဆိုင်သလိူနဲ့ နေခဲ့တယ်.....နောက်တယောက်ကပါ မွေးစားသားကို သားအရင်းလို ပျိုးထောင်ပြီး ဟန်ဆောင်ခဲ့တယ်.....လိုက်ဖက်ပါပေ့ရဲ့ဗျာ.....ခင်ဗျားတိူ့သာ သရုပ်ဆောင်လုပ်ရင် အကယ်ဒမီနဲ့ အော်စကာဆုတွေက ဘယ်သူမှမရနိုင်လောက်ဘူး.....တော်ပါတယ်ဗျာ....တော်လွန်းပါတယ်....."
မျက်ရည်တာကျိုးရင်းက ခနိုးခနဲ့ရယ်ကာ အငေါ်တူးနေတဲ့ leoကိုသာ ရိပေါ်ငေးကြည့်နေမိသည်။
"သား....ငယ်လေး....ပါးပါးရှင်းပြပါရစေဦးသားရယ်....."
"တော်ပါ.....ခင်ဗျားတို့ဘာတွေ ထပ်လိမ်ကြညာကြဦးမှာလဲ.....ကျနော်တကယ်ကြောက်သွားပြီ.....လှည့်စားတက်တဲ့ လောကကြီးနဲ့ ခင်ဗျားတို့ကို ကျနော်တကယ်ကြောက်သွားပြီသိလား....."
မျက်ရည်လည်ရွဲနဲ့ ခေါင်းတခါခါ ငြင်းဆန်နေတဲ့ leoက အားလူံးကို ခြုံငုံကြည့်ရင်း ထွက်ပြေးဖို့ပြင်နေမိသည်မို့
"ပြန်ထိုင်လိုက်စမ်း leo....."
ရှောင်းကျန့်ထံမှ အောင်မြင်ခန့်ညားတဲ့ အမိန့်ပေးသံက ဟိန်းခနဲထွက်လာတော့ လှမ်းလက်စleoခြေလှမ်းတွေ ရပ်တန့်ကုန်ကြသည်။လည်ပြန်စောင်းငဲ့ကြည့်မိတော့ တည်တင်းနေတဲ့မျက်နှာထား၊စူးရှသည့်မျက်ဝန်းများနဲ့စိုက်ကြည့်နေသည့် daddyကြောင့် leoရှိန်သွားရသည်။
"မင်းအဖေပြောတာကို ဆုံးအောင်နားထောင်ပြီးမှ မင်းလုပ်ချင်ရာ ဆက်လုပ်...."
"ကိုကို....."
Leoကိူ ခပ်တင်းတင်းကြည့်ကာ ပြောနေတဲ့ ရှောင်းကျန့်အား ရိပေါ်သတိပေးသလို ခေါ်မိတော့
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)