Chapter 3

2.1K 132 4
                                    

ဒီနေ့ တင်္နလာနေ့မို့ ကိုကိုကျောင်းသွားတုန်း အိမ်စောင့်ကျန်ခဲ့သည့် leoတယောက် အပြင်ကိုခိုးထွက်လာမိသည်။ကိုကိုလိုက်ပို့မှသာ လော့ရန်မြို့ကိုလည်ပတ်ရလျှင် leo‌ ပေကျင်းပြန်ရလို့တောင် လည်လိုက်ရမည်မဟုတ်ပေ။

တောင်ပေါ်မြို့လေးဖြစ်တာကြောင့် တောင်ကုန်းတွေပေါ်မှာဆောက်ထားတဲ့  တိုက်အိမ်လှလှလေးတွေက ကာတွန်းကားထဲက အိမ်လေးတွေလိုပင် ချစ်စရာကောင်းသည်။

သစ်ပင်ကြီးငယ်တို့ အုပ်ဆိုင်းနေသည့် မြွေလိမ်မြွေကောက်လမ်းပေါ်မှာ ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ လေလေးတချွန်ချွန်နဲ့ စိတ်လွတ်ကိုယ်လွတ် စကိတ်လျှောက်စီးနေမိသည်။‌တောင်ပေါ်လေအေးအေးရဲ့ ထိတွေ့မှုကြောင့် လူက တိမ်ပေါ်မှာလွင့်နေသယောင် leoထင်မိသည်။

"တီ..တီ...တီ...."

ကားဟွန်းသံကြောင့် လမ်းဘေးကပ် ပေးနေတဲ့ leoက ပိုတိုးလို့ ဘေးကို ကပ်ပေးမိပေမဲ့ ကားဟွန်းကိုသာအဆက်မပြတ်တီးနေသည်မို့ စိတ်တိုတိုနဲ့လှည့်ကြည့်လိုက်မိသည်။

"ဟေ့ ချာတိတ်....တယောက်ထဲလားကွ...."

လေယာဉ်ပေါ်မှာဆူံခဲ့တဲ့ ကိုလူချော....။Seanရဲ့ ကား‌ဖြစ်‌ေနတာမို့ leoရှေ့တိုးသွားလိုက်ပြီး

"ဒါဘယ်နှချောင်းလဲ...."

ထိုလူ့မျက်နှာရှေ့မှာ သူ့လက်၅ချောင်းကိူ ထောင်ပြပြီး မေးလိုက်တော့

"ငါးချောင်းလေ...."

Leoကို အထူးအဆန်းလိုကြည့်ပြီးမှ ပြန်ဖြေလာတဲ့ Seanကို

"အင်းးး...မျက်လုံးတော့ကောင်းပါသေးတယ်...."

လက်ကလေးပိုက်ရင်း တွေးဆဆနဲ့ ခေါင်းလေးငြိမ့်ကာ ပြောလာတဲ့ ချာတိတ်လေးကြောင့်

"ဟာ...မျက်လုံးကောင်းလို့ မင်းကိုမြင်ပြီး လှမ်းခေါ်တာပေါ့ ချာတိတ်ရ...."

Daddyကမလာဖြစ်တာကြောင့် ကျောင်းဆောင်အသစ်ဆောက်မဲ့ ကိစ္စကို တာဝန်ရှိသူ‌ေတွနဲ့ ဆွေးနွေးတိုင်ပင်ပြီး အပြန် လမ်းဘေးကပ်လျှောက်နေတဲ့ ချာတိတ်ကိုမြင်လိုက်တာကြောင့် seanလှမ်းခေါ်နှုတ်ဆက်ခြင်းဖြစ်သည်။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Where stories live. Discover now