Chapter 46

2.5K 135 14
                                    

‌ပါးပါးသိသွားပြီးနောက်ပိုင်း ရိပေါ်မှာ နေအိမ်အကျယ်ချုပ်နဲ့ နေနေခဲ့ရသည်။ကိုကိုကလဲ ရိပေါ်အိမ်ရှေ့ထိ ရောက်ရောက်လာကာ လူယောင်ပြနေသည့်အတွက် ပိုချုပ်ချယ်ခံရတယ်....သူနဲဝေးအောင်  အဖွားအိမ်ပို့ပစ်မယ်ဟု ချိန်းခြောက်ထားတဲ့ ပါပါးက ရိပေါ်ကိုမြင်တာနဲ့ ဆူပူပြီးသား။

ရိပေါ်စိတ်ညစ်သည်။အခုလိုတွေ စိတ်ပင်ပန်းရလို့ ကိုကို့ကိုချစ်ရတာ နောင်တရသလားလို့မေးရင် ဟင့်အင်း....ကိုကို့ကိုချစ်ရလို့ ရိပေါ်ဘယ်တုန်းကမှ ဘယ်တော့မှ နောင်တရလိမ့်မည်မဟုတ်ပေ။

ရိပေါ်ရဲ့ကိုကိုက လူလည်ကြီးသားပီသသည်။ကိုကြီးဟိုက်ခွမ်းတို့နဲ့လဲ အဆက်သွယ်လုပ်မရတော့ ရပ်ကွက်ထဲက ကလေးတွေနဲ့အပီပေါင်းပြီး ကလေးတွေကတဆင့် လူကြီးတွေမသိအောင် စာပေးစာယူလုပ်ကြရသည်။

လူချင်းမတွေ့ရသည်ကလွဲလို့ ရိပေါ်နဲ့ကိုကိုအဆက်သွယ်မပြတ်ခဲ့ကြပေ။ လူကြီးတွေအသဲအသန်တားလေ ရိပေါ်တို့က  ပိုချစ်လေပဲ။ ကိုယ့်ကိုယ်ကိုယ် ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ဂျူလိယက်လိုလို စိတ်ထင်နေမိသည်။

ဒီရက်ပိုင်း ရိပေါ်နေလို့သိပ်မကောင်းချင်တာမို့ အခန်းထဲအောင်းနေမိတော့ ပါပါးက ရည်းစားပူမိတယ်လို့ပြောတယ်....အဲ့လိုပြောလို့ ခါတိုင်းလိုနေပြန်တော့လဲ ဟိုကောင်နဲ့အဆင်ပြေနေလို့လားဆိုပြီး လူကိုတရားခံစစ်,စစ်မေးကြသေးတယ်လေ။ရိပေါ်ဖြင့် ကိုကိုနောက်သာ လိုက်ပြေးချင်မိပါရဲ့။

"ဒါရှေ့နေကြီးဝမ်ရိကျိုးတို့အိမ် ဟုတ်ပါသလားခင်ဗျ....."

ကျောက်မိန်တယောက် သူ့ရှေ့မှာ ရပ်နေတဲ့ အသားလတ်လတ် ဥပတိရုပ်ခန့်ခန့်နဲ့ လူရဲ့အမေးကို ခေါင်းငြိမ့်ပြရင်း

"ဟုတ်ပါတယ်ရှင့်.....အကိုဧည့်သည်တွေထင်တယ်.....အိမ်ထဲကြွကြပါဦး....."

ခပ်ပြုံးပြုံးမျက်နှာထားလေးနဲ့ အေးချမ်းစွာဖိတ်‌ခေါ်နေသည့် အမျိုးသမီးက သားရဲ့ ယောက္ခမကြီးဖြစ်ဟန်တူသည်ဟု Mr.ရှောင်း ကောက်ချတ်ချမိသည်။

"ခနထိုင်ကြပါဦးနော်....ကျွန်မသွားခေါ်ပေးပါ့မယ်......"

အအေးခွက်များ ချပေးရင်း ဒေါ်ဝမ်ကျောက်မိန်ဆိုမိပေမဲ့ စိတ်ထဲထူးဆန်းလို့နေရသည်။ခါတိုင်း သူ့ခင်ပွန်ူးဆီအလုပ်လာအပ်ကြရင် တယောက်နှစ်ယောက်ထပ်မပိုခဲ့‌ပေ။အခုကျ သူမတိုအရွယ် ဇနီးမောင်နှံနှစ်ယောက်ရယ် သားသမီးဖြစ်ဟန်တူတဲ့ လူငယ်စုံတွဲလေးရယ်၊‌လူငယ်လေးတယောက်ပါ,ပါနေသည့်အဖွဲ့က မိသားစု‌တွေလို့ ထင်နေမိသည်။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Tahanan ng mga kuwento. Tumuklas ngayon