Chapter 7

1.8K 141 8
                                    

Xiao Companyရှေ့သိူ့ တလက်လက်တောက်ပနေတဲ့ မော်ဒယ်လ်မြင့် မာစီဒီး ကားအနက်ကြီးတစင်းကထိုးဆိုက်လာသည်။

Companyအဝင်ပေါက်မှာ အလိုက်တသိနဲ့ရပ်စောင့်နေတဲ့ အတွင်းရေးမှုးဝမ်နင်က ကား‌ေနာက်ခန်းတံခါးကိုဆွဲဖွင့်လို့ CEO ရှောင်းကျန့်ကို ကြိုဆိုလိုက်သည်။

ဝတ်ထားတဲ့ ကုတ်အနက်ကို ခါးကနေတချက်ဆွဲဆန့်လို့ အင်္ကျီအိတ်ထောင်ထဲက စာအိတ်လေးကို ထုတ်ကာ အတွင်းရေးမှုးဝမ်နင်အား

"ဝမ်နင်...."

Mr.ရှောင်းပေးလာတဲ့ စာအိတ်လေးကို ‌တရိုတသေယူလို့ ကြည့်လိုက်ပြီးမှ

"ဟုတ်ကဲ့ သခင်ကြီး...ကျနော်သွားထည့်လိုက်ပါ့မယ်....."

ဝမ်နင်ကို တချက်ကြည့်လို့ ခေါင်းငြိမ့်ပြရင်း ဝင်သွားတဲ့ သူတို့သခင်ကြီးကို နားမလည်နိူင်‌ သေးပါ။သူသခင်ကြီးဆီမှာ အလုပ်ဝင်တော့ သခင်လေး seanမှ ၅နှစ်သားအရွယ်လေးလောက်ဘဲရှိဦးမည်။အဲ့ထဲက ဒီအိမ်လိပ်စာတခုထဲကိုဘဲ စာထည့်ခိုင်းခဲ့ ဆယ်စုနှစ်မက ကြာနေပြီ။အပေးဘဲရှိပြီး ပြန်စာမလာတာတောင် သူတို့သခင်ကြီးကဇွဲကောင်းကောင်းနဲ့ တပတ်တခါ ပုံမှန်ထည့်ခိုင်းနေကြပင်။

အသက်လေးဆယ်ကျော်အရွယ်သာ ပြောတယ်...၆ပေကျော်တဲ့ မြင့်မားတဲ့အရပ်အမောင်း ကျစ်လစ်သန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားရှိတဲ့ သခင်ကြီးက သားနဲ့အပြိုင် ခန့်ညားချောမောနေတုန်းပင်။တည်ကြည်ခန့်ညားတဲ့ Mr.ရှောင်းက အခုချိန်ထိ ပျိုမဒီတိုင်းရဲ့ စိတ်ကူးအိမ်မက်မင်းသားတပါးဖြစ်နေဆဲပါ။အလုပ်ထဲသာ အာရုံစိုက်လို့ မိန်းမကိစ္စအရှုပ်ရှင်းကင်းကင်းနဲ့ နေထိုင်ခဲ့ပေမဲ့ ဒီအိမ်လိပ်စာကိုဘဲ အမြဲပို့နေသည်မို့ ဝမ်နင်ထိုလိပ်စာအတိုင်းသွားရောက်စူံစမ်းခဲ့တော့ ခြံဝန်းကြီးက သော့ခတ်ထားကာ လူနေပုံလဲမရပေ။

တွေးလေ ဝေးလေဖြစ်နေရတာကြောင့် ဆက်မစဉ်းစားတော့ဘဲ သခင်ကြီးခိုင်းတဲ့အတိုင်းသာ စာတိုက်ပုံးကို ဦးတည်လိုက်တော့သည်။

✨✨✨✨✨✨✨

"ဟာ ဆရာဝမ်ပါလား.....မုန့်လာစားကြတာလား......"

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Where stories live. Discover now