Chapter 19

1.8K 132 17
                                    

"Daddy...."

ချာတိတ်တို့အိမ်ကနေ ပြန်ရောက်ရောက်ချင်း အခန်းထဲတန်းဝင်သွားတဲ့ daddyကြောင့် Seanအနောက်ကနေလိုက်ပါလာကာ ခေါ်မိတော့ ပြောဆိုတဲ့ပူံစံနဲ့ မျက်ခုံးပင့်ပြလာတဲ့ daddyအား

"Daddy ကျနော့်ကို တခုခုပြောပြသင့်ပြီမထင်ဘူးလား....ဘာတွေလဲ daddyရာ.....အခုဖြစ်သွားတာတွေ အကုန် ကျနော်ဘာတခုမှ လိုက်မမှီတော့ဘူး....."

ဆံပင်တွေကို ဆွဲဖွရင်း ဖခင်ကြီးရှေ့ ခြေပစ်လက်ပစ်ထိုင်ချရင်း စိတ်ညစ်ညူးစွာဆိုလိုက်မိသည်။

"မင်းကဘာကိုသိချင်တာလဲ....ပွင့်ပွင့်လင်းလင်းမေး....."

ဆိုဖာ‌ေပါ် ခြေချိတ်ထိုင်ရင်း မျက်နှာထားတည်တည်ကြီးနဲ့ တပြန်စီးမေးခွန်းထုတ်လာတဲ့ daddyကြောင့် ခပ်လျောလျောမှီထိုင်နေရာကနေ Seanမတ်မတ်ပြင်ထိုင်ကာ

"ချာတိတ်ရဲ့ အကိုနဲ့ daddyကဘာတွေလဲ....အတိတ်မှာ ဘာဇာတ်လမ်းတွေရှိခဲ့ကြတာလဲ.....daddyကိုမြင်ကာမှ ဆရာဝမ်က ခါးခါးသီးထဖြစ်သွားတာ....daddyတို့ကြားမှာ တခုခုတော့ ပြဿနာရှိနေခဲ့တယ်မလား....."

Saenစကားကို ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်ပြီးမှ သက်ပြင်းသဲ့သဲ့ချလိုက်ပြီးမှ

"ဘာတွေလဲဆိုတော့ ချစ်သူတွေ....အင်း မင်းတို့စကားနဲ့ပြောရင် exတွေပေါ့ကွာ အဟွန်း ဟွန်း ဟွန်း...."

Seanအံ့ဩသင့်စွာနဲ့ daddyကို ပြန်ကြည့်နေမိသည်။တခုခုလို့ ထင်ခဲ့ပေမဲ့ ငယ်ရည်းစားတွေ ဖြစ်ကြလိမ့်မည်ဟု မထင်ခဲ့တာဆို ပိုမှန်ပေသည်။

"ဗျာ.....ဆရာဝမ်နဲ့ daddyက ချစ်သူတွေ ဟုတ်လား daddy...."

မထီတရိအပြုံးနဲ့ ဖြေလာတဲ့ မွေးသဖခင်ကြီးကြောင့် မျက်ကလဲဆန်ပြာနဲ့ ‌Seanမေးခွန်းထပ်ထုတ်မိတော့ တည်ငြိမ်စွာနဲ့ ခေါင်းငြိမ့်ပြလာသည်မို့

"ဟား....daddyရာ....ကျနော် ချာတိတ်နဲ့ဝေးရပြီ ထင်ပါရဲ့ဗျာ.....အဲ့ဒါကြောင့် ဆရာဝမ်က ဇွတ်ကိုငြင်းနေတာကိုး....."

ဆိုဖာပေါ် တဖန်ပြန်မှီချလိုက်ကာ စိတ်ပျက်လက်ပျက်နဲ့ Seanပြောမိပြန်သည်။ဒီပုံအတိုင်းဆို တကယ်ကြီးဝေးကြရတော့မည်မလား။ရှောင်းကျန့်ကတော့ သူ့သားပုံစံကို ကြည့်ရင်း ခေါင်းတယမ်းယမ်းနဲ့သာ။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Where stories live. Discover now