"ဘယ်ကကောင်တွေလဲ ရပ်ကွက်ထဲလာ အော်ဟစ်နေကြတာ....."
ညစာထမင်းဝိုင်းအပြီး အချိုပွဲဆက်ရင်း မိဘနှစ်ပါးနဲ့အတူ tvကြည့်နေကြတဲ့ ရိပေါ်လေးက ပါပါးရဲ့စကားသံကြောင့် လှည့်ကြည့်လိုက်မိသည်။
"သားဟိုက်ခွမ်းတို့ သူငယ်ချင်းထင်ပါရဲ့....ဘာဖြစ်လို့လဲ အကို....."
မားမားက ဇာတ်လမ်းအကြည့်မပျက်ဘဲ ပြန်ဖြေလာတော့ ပါပါးကမျက်မှောင်ကြီးတွန့်ခနဲဖြစ်သွားရပြီး
"ဒီအချိန်က တနေကုန်အလုပ်မှာ ပင်ပန်းခဲ့လို့ လူတွေအနားယူကြတဲ့အချိန်ကွ....ဒါကိုအသံသေး အသံညောင်တွေနဲ့ အော်လားဟစ်လားလုပ်နေတာ.....ပတ်ဝန်းကျင်ကို အားနာရကောင်းမှန်းမသိကြဘူး....."
"ဪ အကိုရယ်....လူငယ်တွေဘဲလေ.....လွတ်လွတ်လပ်လပ်ပျော်ပါးကြတာနားလည်ပေးလိုက်ပါ.....အဲ့လောက်ထိ မဆူညံ့ပါဘူး ကျွန်မတို့က အိမ်ချင်းကပ်ရပ်မို့ ကြားနေရတာလေ....."
ပါပါးဒေါသကိုသိတဲ့ မာမားက ဖြေကာဖြန့်ကာ ပြောနေပေမဲ့ အလိုမကျမှုအထင်းသားနဲ့ ထရပ်လိုက်ပြီး ပြူတင်းတံခါးနားထိတိုးသွားတဲ့ ပါးပါးက တဖက်ခြံကို လှမ်းကြည့်နေသည်။စိတ်ပျက်သလိုပုံစံနဲ့ ခေါင်းတယမ်းယမ်းလုပ်နေသည့် ပါးပါးက
"သားငယ်လဲ အဲ့ဘက်အိမ်ကကောင်လေးနဲ့အပေါင်းသင်းလုပ်တာ လျော့နော်.....ကိုယ်ပေါင်းစိတ်ခွာသာနေ.....ပုံစံတွေကြည့်ရတာကိုက အချိုးမပြေကြဘူး....."
ပါပါးရဲ့အပြောကြောင့် မားမားက ရိပေါ်ကို ပြုံးစစနဲ့ ခေါင်းငြိမ့်ပြလာတော့မှ ရိပေါ်လဲ ပါပါးအလိုကျ အလိုက်ထိုက်ပြန်ဖြေလိုက်ရသည်။
"ဟုတ်ပါ ပါပါးရဲ့.....သားလဲ ကျောင်းတက်နေရတော့ အကိုကြီးတို့ဆီလဲ သိပ်မသွားဖြစ်တော့ပါဘူး....."
ရိပေါ်အဖြေကြောင့် စိတ်ကြေနပ်သွားနဲ့ ပါးပါးက
"အေး ကောင်းတယ်....သားကို မသွားနဲ့ မပေါင်းနဲ့လို့မတားဆီးပေမဲ့ အရမ်းတော့ မရောနဲ့ပေါ့ကွာ....."
ပြူတင်းတံခါးကို သေချာအသံမြည်အောင်စောင့်ပိတ်လိုက်တဲ့ ဦးဝမ်ရိကျိုးက အဲ့လိုလုပ်ရပ်တွေကို သဘောမကျမှန်းသိသာလှသည်။အကြောင်းသိပြီးသား ရိပေါ်ကတော့ ပါးပါးနဲ့အတ်ုက်ခံမပြောဘဲ ငြိမ်နေလိုက်မိသည်။
![](https://img.wattpad.com/cover/288689989-288-k881596.jpg)
VOCÊ ESTÁ LENDO
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)