Chapter 18

1.9K 137 20
                                    

"ဒေါက်...ဒေါက်...."

အပြင်မှ တံခါးခေါက်သံကြောင့် ရိပေါ်အိပ်ယာထဲ ခွေနေရာကနေ

"ဝင်ခဲ့‌လေ ငယ်လေး....တံခါးlockမချထားဘူး...."

အတွင်းက ရိပေါ်အသံပြုလိုက်မှ အခန်းထဲကို ဝင်လာတဲ့ leoအား လှမ်းကြည့်နေမိသည်။အပြာရောင်စပို့ရှပ်လေးနဲ့ short pantအနက်လေးကိုတွဲဝတ်ထားတဲ့ leoပုံလေး ပီဘိကလေးငယ်လေးများလို နုဖက်သန့်ရှင်းနေသည်။

"သက်သာလား ကိုကို....အပြင်မှာ Saenတို့သားအဖရောက်နေတယ်....ဟိုနေ့က ကိုကိုနဲ့မတွေ့လိုက်ရလို့တဲ့ ဒီနေ့ထပ်လာတာ...."

"ဪ....အေး အေး....ကိုကိုလာခဲ့မယ်....ဧည့်သည်တွေကို တခုခုနဲ့ဧည့်ခံထားလိုက်နော်....."

"ဟုတ် ကိုကို....."

တခုခုမေးမြန်းချင်နေတဲ့ leoကို မသိကျိုးနွံ့ပြုလို့ နေမကောင်းဘူးဟု အကြောင်းပြကာ မနက်ထဲက ရိပေါ်အခန်းအောင်းနေမိသည်။အခုတော့ မထွက်မဖြစ်ထွက်ရတော့မည်။တကူးတကလာတွေ့တဲ့ Sean အဖေကို အားနာခြင်းကြောင့်သာ အပြင်ထွက်တွေ့ရမှာ တကယ်ဆို ဒီအချိန်ဘယ်သူနဲ့မှ ရိပေါ်မတွေ့ဆုံချင်ပါ။

ဆံပင်လေးသပ်ကာ အင်္ကျီကိုဆွဲဆန့်ရင်း ကိုယ့်ကိုကိုယ်ပြုပြင်လိုက်သည်။ဘယ်လိုဘဲ စိတ်နဲ့ကိုယ်နဲ့မကပ်ဘူးဆိုပါစေ ဧည်သည်ရှိတော့ အနဲငယ်ကြည့်ကောင်းနေရဦးမည်မလား။

"ကိုကိုလာပြီ....."

ရိပေါ်အပြင်ထွက်လာတာမြင်တော့ နှစ်ယောက်တွဲဆိုဖာမှာ Saenနဲ့အတူထိုင်နေတဲ့ leoကလှမ်းပြောလိုက်တော့

"Seanကလာမယ်ဆိုတာ ကြိုလဲမပြောဘူး....မင်းdaddyကိူ စောင့်ခိုင်းရသလိုဖြစ်နေပြီ.....အားနာစရာကွယ်...."

အရင်ကလောက် Seanနဲ့ဆက်ဆံရေးမစိမ်းသက်တော့တဲ့ ရိပေါ်က အပြုံးလေးနဲ့ဆိုမိသည်။ သူ့ကို ကျောပေးကာထိုင်နေတဲ့ Seanရဲ့daddyဆိုသူ နောက်ကျောကို တချက်လှမ်းကြည့်ရင်း ဧည့်ခန်းထဲကို ဝင်ထိုင်လိုက်သည်။

"ခင်ဗျား....."

ရှပ်လက်ရှည်အဖြူကို လက်ခေါက်ဝတ်ထားကာ ရိပေါ်ကို ပြုံးပြနေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်အထိတ်တလန့်နိုင်စွာ ခေါ်မိတော့

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Where stories live. Discover now