"စိတ်ဆိုးနေတာလား ပေါက်စလေး....."
"မဆိုးပါဘူး....."
မဆိုးပါဘူးသာပြောတယ် ရှောင်းကျန့်ပိုင်တဲ့ ကွန်ဒိုကို ရောက်ထဲက မျက်နှာလေးက ဆူပုတ်ပုတ်လေးဖြစ်နေသည်။
"အဲ့ဒါဆို ကိုယ့်ကို စိတ်ကောက်နေတာလား....."
"မကောက်ဘူး....."
ဝမ်အူကြူးလေးရဲ့ ခပ်ဆတ်ဆတ်ဖြေသံကြောင့် ရှောင်းကျန့်သဘောတကျရယ်မိတော့ လွင့်လာတဲ့ မျက်စောင်းသေးသေးလေးက ဒိုင်းခနဲ။
"ဘာဖြစ်နေတာလဲ အချစ်ရဲ့.....ဟင်....စိတ်မကောက်ဘူးဆိုရင် ဟောဒီနှုတ်ခမ်းလေးက ဘာလို့ထော်နေရတာပါလိမ့်....."
ရိပေါ်မျက်နှာလေးကို သူ့ဘက်ဆွဲလှည့်ကာ နှုတ်ခမ်းအိအိလေးကို လက်မနဲ့ပွတ်ဆွဲရင်းရှောင်းကျန့်မေးတော့
"ဘယ်မှာထော်လို့လဲ.....စိတ်လဲမဆိုးဘူး စိတ်လဲမကောက်ဘူး.....ခင်ဗျားက ဘာလုပ်ထားလို့ ကျနော်စိတ်ကောက်နေတယ်လို့ ထင်ရတာလဲ....ဘာမှမဖြစ်ဘူး ပူံမှန်ဘဲ....."
ပြုံးတုံ့တုံ့အမူအရာနဲ့ ပြောနေသောသူ့ရှေ့ကလူကြီးကိုကြည့်ရင်း ရိပေါ်ရင်ထဲ ဝမ်းနည်းသွားရသည်။ကိုကိုက ရိပေါ်ခံစားချက်တွေ မသိဘူးလား။
"ဟော ကြည့်.....အဲ့ပုံမှန်ဘဲကိုက ကိုယ့်ကလေးလေး တခုခုဖြစ်နေတာသေချာနေပြီ.....ပြောပါဦးဗျာ ဘာတွေအလိုမကျနေတာလဲ....."
ဝန်းဝိုင်းသော ရိပေါ်မျက်ဝန်းညိုညိုတို့မှာ မျက်ရည်ဥများဖြင့် အရောင်လဲ့လာတော့ ရှောင်းကျန့်မှာ အထိတ်ထိတ်အပြာပြာဖြစ်သွားရသည်။ ကိုယ့်ကိုကျောခိုင်းကာ မျက်နှာလေးလွဲသွားတော့ သာမန်စိတ်ကောက်တယ်ထင်၍ စနောက်နေရာမှ ရှောင်းကျန့်စိုးထိတ်စပြုရချေပြီ။
"ကလေး.....ဘာဖြစ်လို့လဲ ဘာလို့ငိုတာလဲကွာ.....ကိုယ့်ကိုပြော....."
ရိပေါ်ထိုင်နေတဲ့ ဆိုဖာရှေ့မှာ ဒူးထောက်ထိုင်ချရင်း မျက်ရည်စတို့ကို ဖယ်ရှားကာ စိုးရိမ်တကြီးမေးမြန်းမိသည်။
"ကိုကိုက မနက်က ကောင်မလေးတယောက်နဲ့ ဘာလို့ရယ်နေတာလဲ.....ရိပေါ်ရောက်လာတာတောင် မသိရအောင်ထိ ကိုကို့မျက်လူံးထဲမှာ အဲ့မိန်းကလေးတယောက်ဘဲရှိနေတာလား......"
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)