Chapter 38

2.3K 140 22
                                    

"လွတ်...အောက်ချပေး....ခင်ဗျားနဲ့ ပြောစရာမရှိဘူးလို့ ပြောနေတာ နားမလည်ဘူး...."

သူ့ရင်ခွင်ထဲကနေ အတင်းရုန်းကန်နေတဲ့ ရိပေါ်ကြောင့် နှစ်ယောက်လူံး လှဲကြနိုင်သည်မို့ ရှောင်းကျန့်ခပ်စူးစူးတချက်ငုံ့ကြည့်လိုက်ရင်း

"ငြိမ်ငြိမ်နေ....ဆက်ရုန်းရင် မင်းကို အပေါ်ကနေ ကိုယ်ပစ်ချလိုက်မှာနော်....."

အရင်အချော့ကြိုက်ကလေးက အခုချော့မော့ပြောနေလို့ မရသည်မို့ ရှောင်းကျန့်ခြိမ်းခြောက်လိုက်မှ ငြိမ်သွားသည်။

"သခင်ကြီး....ပေကျင်းက...."

လှေခါးပေါ်တက်ခါနီး အလုပ်အကြောင်းပြောချင်တဲ့ ဝမ်နင်ကို ရှောင်းကျန့်နောက်ပြန်လှည့်ကြည့်ရင်း

"ပြီးမှပြောတော့ ဝမ်နင်.....အခုလောလောဆယ် သူနဲ့အရင် စာရင်းရှင်းလိုက်ဦးမယ်....."

စကားဆုံးအောင်မပြောလိုက်ရဘဲ သူပြောချင်ရာသာ ခပ်တိုတိုပြောရင်း အပေါ်ထပ်တက်သွားတဲ့ သခင်ကြီးတို့စူံတွဲကိုသာ ဝမ်နင်လိုက်ကြည့်နေမိသည်။တယောက်ကလဲ ကြွေရုပ်လေးလို နုဖက်လှပကာ တယောက်ကလဲ တောင့်တင်းတဲ့ကိုယ်ဟန်နဲ့ ခန့်ညားချောမောသည့် နှစ်ယောက်က နတ်ဖက်တဲ့စုံတွဲတွေလို တကယ်လိုက်ဖက်ညီကြသည်။

ပြောရင် ပြောတဲ့အတ်ုင်းလုပ်တက်သည့် ထိုလူကြီးကြောင့် ရိပေါ်ငြိမ်ပြီးလိုက်သွားရပေမဲ့ ‌တော်တော်စိတ်တိုနေပြီ။အရာရာမှာ သူ့သဘောဆန္ဒနဲ့ဘဲ ဆုံးဖြတ်နေတဲ့ အနှီလူအား ထုရိုက်ပစ်ချင်မိသည်။ဒီ‌လောက် တဇွတ်ထိုးဆန်တဲ့ လူကို မေ့မရမုန်းမရဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လဲ ဒေါသဖြစ်ရသည်။မကောင်းစားလိုက်တာ။

ရှောင်းကျန့်‌ခြောက်လိုက်တော့မှ ငြိမ်ကြသွားတဲ့ ပေါက်စလေးကြောင့် ရှောင်းကျန့်ခိုးပြုံးလိုက်မိသည်။ကလေးလေးက ‌ကလေးလေးပါဘဲကွာ။

"လွတ်...."

ခုံပေါ်အသာအယာချပေးလိုက်မှ ခပ်စူးစူးထွက်လာတဲ့အသံလေးနဲ့အတူ ပြန်ကြည့်လာတဲ့ မျက်ဝန်းလက်လက်တွေမှာ ရှောင်းကျန့်ကို သတ်ချင်ဖြတ်ချင်နေသည်က အတိုင်းသားပေါ်နေရသည်။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Donde viven las historias. Descúbrelo ahora