စာကြည့်တိုက်ရဲ့ အနောက်ဘက် စိန်ပန်းပြာပင်ကြီးရဲ့အောက်က ခူံတန်းရှည်လေးမှာ ထိုင်နေတဲ့ ချစ်ရသူ ကလေးပေါက်စလေး။
"ကလေးလေး......"
မိမိကို တွေ့ဆုံရအောင်ဟု ဟိူက်ခွမ်းမှတဆင့် ချိန်းဆိုလာတဲ့ ရိပေါ်ကြောင့် စိတ်လှုပ်ရှားခြင်းများစွာနဲ့ တက်ကြွကာ ချစ်ရသူလေး ချိန်းဆိုတဲ့နေရာကို လိုက်လာခဲ့မိသည်။
တချက်သာမော့ကြည့်ရင်း မတ်တပ်ရပ်လိုက်တဲ့ ချစ်သဲညှာလေးကြောင့် ရှောင်းကျန့်သိချင်ဇောနဲ့ မေးရသည်။
"ကိုယ့်ကို ခေါ်တယ်ဆို.....အဖြေပေးတော့မလို့လား....."
ရိပေါ်အနီးကိူ လျှောက်လှမ်းလာတဲ့ ခြေသံတရှပ်ရှပ်၊တရွေ့ရွေ့နီးကပ်လာတဲ့ အသွင်သဏ္ဌာန်တခု။ကျောက်ဆစ်ရုပ်လေးလို ငြိမ်ပြီးရပ်နေမိတဲ့ ရိပေါ်ခမျာ မနေ့ညက ကိစ္စနဲ့ပတ်သတ်ပြီး ရန်တွေ့ဖိူ့ဖြစ်ပေမဲ့ အခုတော့ ရင်ထဲမှာ လှုပ်ခုန်ခြင်းများကသာ ကြီးစိုးနေရသည်။
"ကလေးရယ်......ချစ်လိုက်တာ...."
ရိပေါ်မျက်နှာလှလှလေးကို လက်နှစ်ဖက်နဲ့အုပ်ကိုင်ကာ မချင့်မရဲဆိုလာသူကြီးက မနေ့ညကရမ်းကားနေတဲ့ ရှောင်းကျန့်မှ ဟုတ်ပါလေစကွယ်။
"မနေ့ကအဖြစ်တွေ အတွက်ကိုယ်တောင်းပန်ပါတယ်.....မင်းမှာ ကိုယ်မဟုတ်တဲ့ တခြားတယောက်ရှိနေမလားဆိူတဲ့အတွေးက ကိုယ့်ကို ဆင်ခြင်နိုင်စွမ်းကင်းစေတယ်ဆိုတာ မင်းမသိပါဘူး......"
ပြောဆိုရန်တွေ့မယ်လို့ ကိုယ့်ကိုကိုယ်အားပေးထားတဲ့ ရိပေါ်အင်အားတွေက ရှောင်းကျန့်ရဲ့ လှိုက်ခုန်ဖွယ်ရာ စကားသံများအောက်မှာ ဘယ်ဆီဘယ်ဝယ်များ လွင့်ပါးကုန်ရပါသနည်း။
လွယ်အိတ်ကြိုးလေးကိုသာ ခပ်တင်းတင်းဖွကိုင်လို့ မော့မကြည့်စတမ်းမျက်နှာလွဲနေရှာတဲ့ ရိပေါ်ခမျာ သူ့ရှေ့မှာရှိနေတဲ့ ရှောင်းကျန့်ဖိနပ်ထိပ်ဦးကိုသာ အကြောင်းမဲ့ကြည့်ရင်း တိတ်ဆိတ်နေရသည်။
"ကိုယ့်ကိုဘာမှမပြောတော့ဘူးလား.....အဲ့လောက်ထိကို စိတ်ပျက်သွားသလား ကလေးရယ်.....အင်းပါ မင်းစိတ်ပျက်မယ်ဆိုလဲ ပျက်ချင်စရာပါလေ.....ကိုယ့်လိုလူရမ်းကားကို ဘယ်သူကချစ်နိူင်မို့လဲ......"
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)