အင်္ကျီလက်ပြတ် အနက်ရောင်ကို ဒူးပြဲဂျင်းအနက်ရောင်နဲ့ တွဲဝတ်ထားတဲ့ ရှောင်းကျန့်က တကိုယ်လူံးနက်ဆွေးလို့။ကျစ်လစ်သန်မာတဲ့ လက်မောင်းကြွက်သားတွေမှာ ထိုးထားတဲ့ တက်တူးများကြောင့်လား ဖွာရာလန်ကျနေကာ ကပိုကယိုစည်းထားတဲ့ ဆံပင်ရှည်များကြောင့်လားမသိ ပိုမိုမိမိုက်နေသည်။
အိမ်ရှေ့က ချယ်ရီပင်အုပ်အုပ်ဆိုင်းဆိုင်းကြီးအောက်မှာ ဝိုင်းဖွဲ့ထိုင်ရင်း တယောက်တပေါက်ဆူညံနေကြပါသော သူငယ်ချင်းတသိုက်အား ကြွေးမွေးဖို့ ဖျော်ရည်ခွက်တွေထည့်ထားတဲ့ ဗန်းအား ကိုင်လာတဲ့ ဟိုက်ခွမ်းရဲ့ စိတ်ထဲ အတည်ပြုချင်တဲ့ကိစ္စတခုရှိနေပေသည်။
"မျိုကြ....."
မုန့်ထုတ်မျိုးစုံနဲ့ ဖျော်ရည်ဗူးထည့်ထားတဲ့ ဗန်းကိူ မြက်ခင်းပြင်ပေါ်ချပေးရင်း ညင်သာစွာဆိုလိုက်တဲ့ ဟိုက်ခွမ်းစကားအား ဘယ်သူမှ အဖက်မလုပ်ဘဲ သူတို့ဘာသာစကားကောင်းနေကြသည်။
"ကျန့်...."
ဂစ်တာကို ရင်ခွင်ထဲပိုက်ကာ ဆေးလိပ်ဖွာရင်း ဟိုက်ခွမ်းကို ပြန်ကြည့်လာတဲ့ ရှောင်းကျန့်မျက်ဝန်းအစုံက စူးရှရှ။မျက်ခုံးတဖက်ပင့်ပြလို့ ဘာလဲဟုပြန်မေးနေတဲ့ ရှောင်းကျန့်ကို ဟိုက်ခွမ်းသေချာစိူက်ကြည့်မိရင်း
"ထူးဆန်းတယ်...."
"ဟမ်....ဘာထူးဆန်းလိူ့လဲ.....ပုံမှန်ပါဘဲဟ....."
ရှောင်းကျန့်မျက်နှာကိူ သူ့ဖက်ဆွဲယူလှည့်လို့ အစုန်အဆန်ကြည့်နေတဲ့ ဟောက်ရွှမ်းကြောင့်
"ခါတိုင်း ငါ့အိမ်ကို တလနေလို့တခါတောင်မလာတဲ့သူက အခုချောင်းပေါက်မတက်လာနေတာ.....အဲ့ဒါထူးဆန်းတာမဟုတ်ဘူးလား....."
"အဟွန်း....ဟွန်း ဟွန်း....."
စီးကရက်ဖွာရင်း ခေါင်းမော့ကာ နှုတ်ခမ်းအောက်က မှဲ့နက်လေးထင်းနေအောင်သဘောတကျရယ်မောလိုက်တဲ့ ရှောင်းကျန့်က ဘယ်ဘဝက ဆုတောင်းကောင်းခဲ့သည်မသိ။ောက်ကျိုးနည်းကို မိမိုက်နေပြန်ရော။
"အဲ့ဒါတော့ ဟုတ်တယ် ဟျောင့်.....ဘာလဲ အိမ်မှာ ဖားသားကြီးနဲ့ ကွိုင်ပူလာတာလား....."
STAI LEGGENDO
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)