Chapter 41

2.1K 128 20
                                    

ဝမ်နင်ကို သွားခေါ်ခိုင်းလိုက်တာတောင် အတော်ကြာသည်အထိ ဆင်းမလာကျတဲ့ daddyတို့စုံတွဲကြောင့် seanလိုက်လာခဲ့ရသည်။အောက်မှာကျန်ခဲ့တဲ့ leoလေးကို အဖိူးတို့က စစ်ဆေးမေးမြန်းနေမှာမို့ စိတ်မချတာကတမျိုး၊ရန်ဖြစ်စကားများနေကြလားမသိတဲ့ ကလေးကြီးတွေအတွက် ရင်မောရတာကတမျိုးနဲ့မို့ seanစိတ်ရှုပ်နေမိသည်။

"Seanက ကိုယ့်သားအရင်းမဟုတ်ဘူး ပူးတူး...."

တံခါးဆွဲဖွင့်မဲ့ seanလက်တို့က အထဲက daddyစကားသံကြောင့် လေထဲရပ်တန့်သွားရသလို ကြားရတဲ့ ကိုယ့်နားကိုယ်ပင်မယုံနိုင်ဖြစ်သွားရ၏။

"ဘယ်လို....seanလေးက ကိုကို့သားမဟုတ်ဘူး....ဟုတ်လား....."

သူနားကြားမှားတာနေမှာပါဟု ကိုယ့်ကိုကိုယ်ဖြေတွေးနေပေမဲ့ ရင်ထဲမှာတော့ သံစုံတီးဝိုင်းကြီးက တခမ်းတနားနဲ့ ဖျော်ဖြေနေပေသည်။

"ဟုတ်တယ်ကလေး....seanက ကိုယ့်အမရဲ့သား....ကိုယ့်ရဲ့တူလေးပါ....."

"ဘုရားရေ....ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ.....ကံကြမ္မာက ကျီဆယ်လွန်းလိုက်တာပါလားနော်......"

ဆရာဝမ်က အံ့ဩထိတ်လန့်စွာရေရွတ်သလိူ seanရင်ထဲမှာလဲ ပူလောင်းပြင်းပြနေသည်လား။ထုံကျင်အေးစက်နေတာလား ကိုယ့်ကိုကိုယ် မဝေခွဲနိုင်တော့ပါ။

Daddyရဲ့စကားသံကြောင့် အပြင်ကနားထောင်နေမိသူ seanပါ daddyတို့ရဲ့အတိတ်ထဲကို လိုက်ပါသွားရသည်။

(Flash back)

မြင်တွေ့နေကြ ပြူတင်းတံခါးဝလေးကလဲ မီးရောင်သဲ့သဲ့လေးတွေ ပျောက်ကွယ်ကုန်ကြသလို ပိတ်ထားတဲ့ ခြံတံခါးကြီးကိုသာ ငေးကြည့်နေရင်း ရှောင်းကျန့်မှာ အရူးမီးဝိုင်းခံစားနေရသည်။

သိပ်ရက်စက်တယ် ပူတူးရယ်.....ဘယ်လိုအင်အားမျိုးနဲ့များ ကိုယ့်ရင်ကို အစိမ်းလိုက်ခွဲရက်နိုင်ရတာလဲ.....စကားလေးတခွန်း အရိပ်အမြွက်လေးတခုတောင် မချန်ထားခဲ့တဲ့မင်းက သိပ်ကိုတော်ပါတယ်။

ဝမ်မားမားနဲ့ အမျိုးတွေဆီအလည်လိုက်သွားပါဦးမယ်ဟု ပြောသွားခဲ့တဲ့ ရိပေါ်လေးထံမှ စာမလာ ဖုန်းမဆက်ဖြစ်နေတာ တလမကရှိနေပြီ။ဘယ်တွေရောက်ပြီး ဘာတွေများလုပ်နေတာလဲ ကလေးငယ်.....မင်းရက်စက်ခဲ့တဲ့ဒီကောင်ကြီးက မပဋာမြေလူးသလို အလူးအလဲခံစားနေရမှာ မင်းမသိလေသလားအချစ်ရယ်။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Where stories live. Discover now