"ကျနော်တို့ တီးဝိုင်းကို သီချင်းတောင်းဆိုထားတဲ့ သူရှိတာကြောင့် တောင်းဆိုထားတဲ့ သီချင်းလေးနဲ့ တင်ဆက်ပါရစေခင်ဗျ.....တောင်းဆိူထားတဲ့သူကတော့ ဒီညရဲ့ ပါတီပိုင်ရှင် Mr.ရှောင်းကျန့်ဘဲ ဖြစ်ပါတယ်....."
ဆူညံ့နေတဲ့စကားဝိုင်းတွေက စင်ပေါ်မှ ပြောလာတဲ့ စကားသံကြောင့် တိတ်ဆိတ်ကုန်ကြကာ အကုန်အာရုံစိုက်နေမိကြသည်မှာ ရိပေါ်အပါအဝင်ပင်။ဒီလူဘာတွေ အဆန်းထွင်ပြန်ပြီလဲမသိဘူး။
🎵ဝေးခဲ့ကြရပြီ အချစ်ရေ....တနယ်ခြားနေတဲ့ တို့ဘဝတွေ...သတိရတိုင်းလဲ စာမှန်မှန်ရေးလေ....ကိုယ်သိပ်ချစ်တယ်လေ....တနေ့နေ့တော့ တို့နှစ်ယောက်တွေ့ဆုံချိန်ကလေးမှာ တမ်းတစောင့်စားရင်းနဲ့လေ....ကြိုးစားထားသမျှ အရာထင်လာပါရစေ....အားပေးတက်တဲ့ ချစ်သူရေ.....အချိန်အကြာကြီး ခွဲမထားနဲ့တော့လေ....နှစ်ကိုယ်တူဘဝများ ငြိမ်းချမ်းရေးပါရစေ....အတူတူနေရအောင် ပြန်လာမလား ကိုယ်အရမ်းလွမ်းနေပြီ အချစ်ရေ.....🎵
ငြိမ့်ညောင်းတဲ့ သီချင်းသံစဥ်တွေကြားမှာ အကုန်လုံးစီးမျောနေကြပေမဲ့ ရိပေါ်ရင်ထဲမှာတော့ တဆတ်ဆတ်တုန်ခါနေရသည်။မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ ရှောင်းကျန့်ကလဲ အလွမ်းများနဲ့ ရီဝေစွာစိုက်ကြည့်နေသည်မို့ ရိပေါ်ပိုလို့ပင်မနေတော့ချေ။
🎵အမြဲတမ်း သတိရပါ့မယ် အချစ်ရေ...တသက်လုံးအတွက် အချစ်ဆုံးတယောက်အဖြစ်လေ.....တွေ့ခဲ့ကြတဲ့ အရင်နေရာလေးတွေ သွားတိုင်း အမှတ်တရမျက်ရည်ဝေ....အချိန်အကြာကြီး ခွဲမထားနဲ့တော့လေ....နှစ်ကိုယ်တူဘဝများ ငြိမ်းချမ်းအေးပါရစေ.....အတူတူနေရအောင် ပြန်လာမလား....ကိုယ်အရမ်းလွမ်းနေပြီ ကလေးရေ.....🎵
"ဘယ်လိုလဲ Mr.ရှောင်းရဲ့.....ပေကျင်းမှာ လွမ်းစရာလေးကျန်ခဲ့ပြီလား....ရွေးထားတဲ့ သီချင်းကတော့ တကယ်ကို ကောင်းတယ်ဗျာ....."
အန်ကယ်လ်လုရဲ့ အမေးစကားကြောင့် ရိပေါ်နာကြင်နေရာမှ အန်ကယ်လ်ပြောသလို လွမ်းစရာရှိနေပြီလား ခင်ဗျားရယ်ဟု တွေးမိတော့ ဒီလူ့ကို လက်လွတ်ခဲ့ရတဲ့အကြောင်းအရင်းတွေက ခေါင်းထဲတိုးဝင်လာပြန်သည်။
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)