Chapter 22

2K 135 22
                                    

ဘာမှန်းမသိတဲ့ ဒီအမွှေးရနံ့ဟာ
ကိုယ့်နှလုံးသားကို တမ်းတစိတ်နဲ့
နာကျင်ကိုက်ခဲစေတယ်။

ရာဘင်ဒြာနတ်တဂိုး

ပေကျင်းက မိခင်ကြီးထံ ဖုန်းဆက်ရင်ဖွင့်မိပေမဲ့ ပြေလျော့မသွားတဲ့အပြင် မောပန်းမှုများနဲ့သာ ရင်ထဲမှာ နွမ်းနှယ်နေရသည်။စိတ်ရှုပ်ထွေးမှုများဖြင့် ရေပန်းအောက်ဝင်ထိုင်နေရင်း အတိတ်ကိုခြေချမိတဲ့တခဏ ရိပေါ်ရင်ထဲ နွေးထွေးမှုများနှင့် လွမ်းဆွတ်သွားရသည်။

မေ့ထားချင်ရင်တောင် မေ့လို့မရနိုင်စွာ အမြဲလိုလိုသတိရနေမိတဲ့ အတိတ်ဆိုး (သို့)  ရိပေါ်ဘဝရဲ့ အရိပ်မဲကြီးရဲ့ ခြယ်လှယ်မှုအောက်မှာ ရိပေါ်နှလုံးသားတွေ ဝပ်ဆင်းခဲ့ပြန်သည်။

တဦးတည်းသော သားလေးမိူ့ ငယ်စဉ်ထဲကနေ အခုချိန်ထိ မရှိမဝမလှဆိုတဲ့ စကားရပ်ကို ကြားဖူးခဲ့ရုံဘဲရှိခဲ့သည်။ရှေ့နေဖြစ်သူ ဖခင်နဲ့ မူလတန်းကျောင်းအုပ်ဆရာမကြီးတို့ဆိုပေမဲ့ အကျင့်ပျက်ခြစားနေတဲ့ တချို့ဝန်ထမ်းများလိူ ကျိကျိတက်မချမ်းသာပေမဲ့ ရိပေါ်ရဲ့ငယ်စဉ်ဘဝမှာ ရွှေဘုံစံမင်းသားတပါးလို နေထိုင်ခဲ့ရသည်။

ဘာကိုတော့လိုချင်လိုက်တာ ဘယ်အရာတော့ မက်မောမိတယ်ဆိုတာမ်ျုးမရှိရလေအောင် မိဘနှစ်ပါးက ပြည့်စုံစွာ အရိပ်တကြည့်ကြည့်နဲ့ ဖန်တီးပေးခဲ့ပေသည်။တခုဘဲပြောစရာရှိသည်။ ရိပေါ်ကို အကြောင်းမရှိဘဲ အိမ်ထဲကအိမ်ပြင်ထွက်ခွင့်မပေးခဲ့‌ပေ။

စည်းစနစ်ကြီးလှတဲ့ဖခင်က ရှေးရိုးစွဲဆန်သလို လူမချမ်းသာပေမဲ့ ပညာမာနတော့ ချမ်းသာသည့် ဖခင်ဖြစ်သူ ဝမ်ရိကျိုးက ရိပေါ်ကိုတော့ ဖူးဖူးမှုတ်ချစ်လွန်းပြန်သည်။ရိပေါ်အတိတ်ကြောင်းကို ပြောရင် လျိုအိမ်တော်အကြောင်းက မပါမဖြစ်အရေးကြီးသည်။ဟုတ်သည် ရိပေါ်ဘဝအတွက် အပြောင်းအလဲကြီးကို ထိုအိမ်တော်က အစတည်ခဲ့သည်မလား။

ခြံချင်းကပ်ရက် လျိုအိမ်တော်က သခင်ကြီးနဲ့သခင်မကြီးတို့ အပြင် အကိုကြီးလျိုဟိုက်ခွမ်းအကြောင်းပင်တည်း။ဝမ်ရိကျိုးက နဲနဲဆိုးပေချင်သည့် အကိုကြီး ဟိုက်ခွမ်းနဲ့ အပေါင်းသင်းမလုပ်စေချင်သလောက် မိခင်ဖြစ်သူ ဝမ်ကျောက်မိန်နဲ့ လျိုသခင်မကြီးကတော့ ညီအမများနှယ် ခင်မင်ရင်းနှီးကြသည်။ထို့အပြင် ရိပေါ်ကိုသားလေးတယောက်လို ချစ်ခင်ကြပြီး အကိုကြီး ဟိုက်ခွမ်းကပါ ညီငယ်လေးလို သဘောထားဆက်ဆံကြတာမို့ ဝမ်ရိကျိုးအနေနဲ့ ပေါ်ပေါ်တင်တင်လဲသိပ်မပြောခဲ့ခြင်းဖြစ်သည်။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Onde histórias criam vida. Descubra agora