Chapter 44

2.2K 132 22
                                    

ဒုတိယနှစ် first semesterပြီးလို့ ကျောင်းတွေပိတ်ထားတဲ့ မေလရဲ့ နွေလယ်နေ့ရက်တချို့ကြောင့် ရိပေါ်နဲ့ကိုကိုတို့ အရင်လိုလွတ်လွတ်လပ်လပ်မတွေ့ရတာကြာနေပြီ။အဲ့ဒါကြောင့် အကိုဟောက်ရွှမ်းရဲ့မွေးနေ့ဆိုပြီး ခေါင်းစဉ်တပ်ကာ တဖက်လှည့်နဲ့ ရိပေါ်ကို အပြင်ခေါ်ထုတ်ခိုင်းတဲ့ ချစ်ရသူက တကယ့်ကိုဖြတ်ထိုးဉာဏ်ကောင်းလွန်းသည်။

ပိုဆိုးသည်က ဒီရက်ပိုင်းပါပါးက ဘာသတင်းကြားထားသည်မသိ။လမ်းထိပ်က စတိုးဆိုင်သွားရင်တောင် မာမားနဲ့အတူသွားခိုင်းနေတာမို့ မုန့်ဝယ်အကြောင်းပြလို့လဲမရ။အကိုကြီးဟိုက်ခွမ်းမှတဆင့် ရော‌က်ရောက်လာတဲ့ ကိုကို့စာလွှာလေးတွေနဲ့သာ ရိပေါ်မှာ အလွမ်းဖြေနေရ၏။

ရိပေါ်တို့ချိန်းတွေ့နေကြ ကိုကိုပိုင်တဲ့ ကွန်ဒိုလေးဆီ အရောက်ပို့ပေးကာ အခုလောက်ဆို သူ့ချစ်သူ အကိုအားချန်ဆီသွားနေမဲ့ အကိုကြီးအကြောင်းတွေးနေမိတုန်း

"ကလေးလေး....ဘာတွေများစဉ်းစားနေတာလဲ...."

ချစ်ရသူရဲ့အသံကြောင့် ရိပေါ်မော့ကြည့်မိသည်။‌ ကော်ဖီဗန်းလေးကိုင်ကာ ရိပေါ်ဆီလာနေတဲ့ ရိပေါ်ရဲ့ကိုကိုက သိပ်ချောသိပ်ခန့်....အိမ်နေရင်း ပုံစံနဲ့တောင် မိမိုက်နေတဲ့လူကရိပေါ်ကို အရမ်းချစ်ကာ အလိုလိုက်ပြီး အလိုက်သိတက်လွန်းတဲ့ စတိုင်လ်ခပ်မိုက်မိုက်လူကြီးကို ချစ်သူတော်ထားရတာ ရိပေါ်ကံကောင်းသည်။

"ကလေးတို့အကြောင်းစဉ်းစားနေတာပါ ကိုကိုရဲ့....."

"ပြောပါဦးဗျာ....ဘာတွေများ ဟောဒီခေါင်းသေးသေးက ‌တွေးနေတာလဲ...."

ရိပေါ်ခေါင်းလေးကို သူ့ရဲ့လက်ဖဝါးကြီးကြီးနဲ့အုပ်ကိုင်ရင်း ပြုံးရွှင်စွာမေးလာတဲ့ ကိုကို့အပြုံးတွေမှာ ရိပေါ်ငေးခနဲဖြစ်သွားရ၏။တရက်ထပ် တရက်ပိုတိုးလို့သာ ချစ်စိတ်ပိုရတဲ့ ဒီလူသားကိူ လက်လွတ်ဖို့ဆိုသည်က အတွေးနဲ့တင် ရိပေါ်မှာဆောက်တည်ရာမဲ့ရသည်သာ။

"ကိုကို...."

"ဗျာ...."

ကိုကိုလို့ရိပေါ်တမြတ်တနိုးခေါ်တိုင်း ဗျာဟုထူးတက်သည့် ချစ်ရသူကြောင့် ရိပေါ်ကြည်နူးမိတာ မှန်ပေမဲ့ အခုက ရှေ့ဆက်ဘာတွေဖြစ်လာဦးမလဲ ခန့်မှန်းရခက်နေသည်မို့

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Donde viven las historias. Descúbrelo ahora