Chapter 23

1.8K 133 14
                                    

ကျောပိုးအိတ်အနက်လေးကိုလွယ်ကာ လျှာထိုးဦးထုတ်အဖြူလေးနောက်ပြန်ဆောင်းလို့ တီရှပ်ဖြူဖြူလေးနဲ့ ဒူးကျဘောင်းဘီအနက်လေးကိုတွဲဝတ်ထားတဲ့ ဖြူဖြူဥဥကောင်လေးတယောက် ရှန်ဟိုင်းတက္ကသိုလ် မိန်းတံခါးပေါက်ကြီးရှေ့တန့်ကာ တက္ကသိုလ် ပုရဝုဏ်အတွင်းရှိ သွားလာလှုပ်ရှားလျက်ရှိသော ရောင်စုံလူတွေကို သက်ဝင်ပန်းချီကားတချပ်အလား ငေးကြည့်နေလေရဲ့။

ပထမဆုံးတက္ကသိုလ်စတက်ရမဲ့နေ့မို့ ရိပေါ်စိတ်တွေလှုပ်ရှားနေမိသည်။သူတက်ခဲ့ရတဲ့ အထက်တန်းကျောင်းနဲ့ဘာမှမဆိုင်အောင် လွတ်လပ်ပျော်ရွှင်စရာကောင်းတဲ့ အမိတက္ကသိုလ်ကြီးက သူ့ရှေ့မှာ ခန့်ညားစွာ တည်ရှိနေချေပြီ။

"မင်္ဂလာပါ ရှန်ဟိုင်းတက္ကသိုလ်ကြီးရေ...."

အကိုကြီးဟိုက်ခွမ်းတို့ကို ကြည့်ကာ အားကျခဲ့ရတဲ့ uniကျောင်းသားဘဝကို အခုကိုယ်တိုင်ဖြတ်သန်းရတော့မယ်ဆ်ူတဲ့အသိကြောင့် အလိုလိုနေရင်း တက်ကြွရွှင်လန်းနေမိတော့သည်။

မိန်းပေါက်ကနေ တည့်တည့်ဝင်လာခဲ့ပြီး ညာဘက်ဘေး ကားပါကင်မှာ ရှိနေမည်ဆိုတဲ့  အကိုကြီးဟိုက်ခွမ်းတို့ကို  ရိပေါ်လိုက်ရှာ‌ေနမိသည်။ရိပေါ်မြင်မြင်သမျှက လူစိမ်းမျက်နှာစိမ်းတွေဘဲရှိရာအရပ်မို့ ရင်ထဲမှာ အားငယ်သလိူလိုဖြစ်မိသွားရသည်။

ရှောင်းကျန့်တို့သူငယ်ချင်းတစုကတော့ ကားဘောနက်ပေါ်မှာ ထိုင်ရင်း စကားတပြောပြောနဲ့ မြင်မြင်သမျှအလှတရားတို့ကို မှတ်ရှုနေကြသည်။

ထိုအချိန် မြင်ကွင်းထဲကို လှလှပပလေးတိုးဝင်လာတဲ့ အဖြူရောင်အလှတရားလေးတခု။

"ဝမ်လေး....အကိုကြီးတို့ဒီမှာ...."

ကားအဖူံးပေါ်က ဆင်းလို့ ဝမ်းခေါင်းသံကြီးနဲ့ ထအော်ကာ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ ဟိုက်ခွမ်းအသံကြောင့် ဖြူလုံးလေးကလှည့်ကြည့်ကာ မဲ့တဲ့တဲ့မျက်နှာလေးကနေ ဝင်းပသွားရသည်။ဟိုက်ခွမ်းအသံကြောင့် ရှောင်းကျန့်တို့ပါ လှည့်ကြည့်မိကြသလို ဖြတ်သွားဖြတ်လာ လူတချို့ပါကြည့်သွားကြသည်။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Onde histórias criam vida. Descubra agora