Chapter 40

2.2K 124 13
                                    

"ဟေ့ ဝမ်နင်....မင်းသခင်ကြီးရောဘယ်မလဲ....."

ဘယ်ကနေဘယ်လိုသတင်းကြားတယ်မသိ။ပေကျင်းကနေ လော့ရန်ကို ချက်ချင်းလိုက်လာတဲ့ ရှောင်းဥက္ကဌကြီးလင်မယားကြောင့် ဝမ်နင်ခေါင်းမူးချင်လာသည်။

"သခင်ကြီးတို့ ရှိပါတယ် ဘဘကြီး...."

တရုတ်နိုင်ငံရဲ့ top tenစာရင်းဝင်သည့် ရှောင်းဥက္ကဌကြီးသွားလေ‌ရာနောက် တကောက်ကောက်ကြတဲ့ ကိုယ်ရံတော်တွေကအများအပြားမို့ ဝမ်နင်လန့်မိသည်။

"ရှိရင်သွားခေါ်ချေလေ.....ငါ့မြေးလေးအရင်ခေါ်ခဲ့....."

ရှောင်းသခင်မကြီးရဲ့ စကားကြောင့် ထွက်ပေါက်ရသွားသည့်နှယ် ဝမ်နင်ကတော့ ဟုတ်ကဲ့တခွန်းဆိုတာ လှစ်လှစ်ပါအောင်ပြေးခေါ်ချေပြီ။

ခနအကြာမှာတော့ မြေးဖြစ်သူ seanနဲ့အတူ ကုပ်ကုပ်လေးလိုက်လာတဲ့ ဆံပင်ပြာပြာလေးနဲ့ ဖြူဥဥကောင်လေးတယောက်ပါလာခဲ့သည်ကို ရှောင်းလင်မယားက စိတ်ဝင်တစားလှမ်းကြည့်နေကြသည်။

Leoလေးကြောက်နေတာကို သိသည့် seanကတော့ အေးစက်နေတဲ့ leoလက်ကလေးတဖက်ကို ဆုပ်ကိုင်ထားရင်း အားပေးသလို ဖျစ်ညစ်လိုက်မိသည်။

"မြေး....အဖွားမြေးလေးကို အဖွားကလွမ်းနေတာ.....လာပါဦးမြေးရဲ့ အဖွားနားကို....."

အဖိုးအဖွားများရဲ့ သဲသဲလှုပ်ချစ်ခံရတဲ့ seanမှာ မျက်နှာငယ်လေးနဲ့ ကြောက်နေတဲ့ leoကိူအားနာသွားရသည်။အရင်ကကိစ္စမရှိပေမဲ့ အခု leoကပါ daddyသားဖြစ်နေပြီမလား။

"မြေးရယ်...ပိန်သွားလိုက်တာကွယ်.....ငါ့မြေးကိုသေချာဂရုမစိုက်ကြဘူးထင်တယ်....."

ရှောင်းသခင်မကြီးက သူမဘေးမှာဝင်ထိုင်တဲ့ seanမျက်နှာလေးကို တယုတယထိကိုင်ကာ စိတ်မကောင်းစွာဆိုနေသည်မို့

"ထင်လိူ့ပါ အဖွားရဲ့.....daddyကလဲ ဂရုစိူက်ပါတယ်....အဖိုးတို့အဖွားတို့က ဘယ်လိုလုပ်ရောက်လာကြတာလဲ....."

ကိုယ်ရံတော်တအုပ်တမကြီးနဲ့ အားချင်းရောက်သည့်မို့ seanမေးမိတော့ အဖိုးက ခပ်ဖွဖွပြုံးရင်း

"မြေးတို့သတင်းတွေကြားလို့ လိုက်တာလေ....ဒါထပ် မြေးdaddyဘယ်မလဲ....မြေးဘေးက ကလေးက မြေးခိုးပြေးတယ်ဆိုတဲ့ ကောင်လေးလား...."

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Where stories live. Discover now