Chapter 35

2K 133 50
                                    

"ရိပေါ် .....ရိပေါ်ရေ...."

တံခါးကိုအဆက်မပြတ်ခေါက်ကာ တဒုန်းဒုန်းထုရိုက်ရင်းခေါ်နေတဲ့ ယွီပင်းအသံကြားမှ ရိပေါ်အတိတ်ကနေပြန်လည်ရုန်းထွက်လာရပေမဲ့ စိတ်အစူံက ကြေကြေကွဲကွဲ။

"ဪ...ယွီပင်း...."

ပွင့်လာတဲ့အခန်းတံခါးနဲ့အတူ မျက်နှာလှလှလေးက ညိုးနွမ်းနေသည်မို့ ယွီပင်းစိတ်ပူသွားရ၏။

"အေး...နေမကောင်းလိူ့ ခွင့်ယူထားတယ်ဆိူ...အဲ့ဒါကြောင့် ငါလာကြည့်တာ....မှန်း တော်တော်ဖျားနေလား ရိပေါ်......"

စိုးရိမ်စွာနဲ့ ရိပေါ်နဖူးပြေပြေလေးကို စမ်းကြည့်နေတဲ့ ယွီပင်းကြောင့် ရိပေါ်ခေါင်းငြိမ့်ပြလိုက်မိသည်။leoလေးကိုလဲ ယွီပင်းနဲ့စကားပြောနေရင်းမှ သတိရသွားကာ

"ဆေးသောက်ထားတယ်....‌သက်သာသွားမှာပါ....ငယ်လေးရော ဘာလုပ်နေလဲ...."

"မသိဘူးလေ....leoလေးကအခန်းထဲမှာထင်တယ်....ငါလာတော့ ခြံတံခါးကြီးရော အိမ်တံခါးရောပွင့်နေတာနဲ့တန်းဝင်လာခဲ့တာ...."

"ဘာ!......ခြံထဲဆင်းကြည့်ပေး ယွီပင်း....."

ယွီပင်းစကားကြောင့် တနေကုန်အခန်း‌ အောင်းနေသည့် ရိပေါ်တ‌ေယာက်ထူပူသွားရပြီး ယွီပင်းကို ထားခဲ့ကာ leoအခန်းထဲကို ဝင်ကြည့်ရင်း

"ငယ်လေး....leo...."

အိပ်ခန်းထဲ၊ရေချိုးခန်းထဲ ပတ်ရှာနေပေမဲ့ ငယ်လေးနဲ့တူတဲ့အရိပ်လေးတခုတောင်မတွေ့ရတာမို့ ရိပေါ်ရင်ထဲမှာ မီးတောင်ကြီးတခုမျိုချထားရသည့်နှယ် ပူလောင်နေရသည်။

"ဘယ်တွေသွားနေတာလဲ ငယ်လေးရယ်...."

Leoခုတင်ပေါ်ကို ရိပေါ်စိတ်ညစ်ညူးစွာနဲ့ထိုင်ချလိုက်မိသည်။ခေါင်းအုံးပေါ်တင်ထားတဲ့ စာခေါက်လေးကိုပါ မြင်လိုက်ရတာကြောင့် ရိပေါ်ဖွင့်ဖတ်ကြည့်မိတော့ ခေါင်းထဲမိုက်ခနဲဖြစ်သွားရသည်။

"မဖြစ်ရဘူး....seanနဲ့ သဘောမတူဘူး....."

တုန်ယင်နေတဲ့ ရိပေါ်လက်အစုံကြောင့် leoချန်ခဲ့တဲ့စာလေးမှာ တဆတ်ဆတ်တုန်ခါနေရကာ ရိပေါ်မျက်ရည်တို့လဲ စွန်းပေနေရသည်။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Tahanan ng mga kuwento. Tumuklas ngayon