မနက်အကိုကြီးတိူ့ ပြန်သွားပြီးထဲက နေ့လည်ထမင်းစားချိန်အထိ ရိပေါ်ကို နားပူနားဆာနဲ့ တဂျီဂျီလုပ်နေတဲ့ ကျိရန်ကြောင့် ကင်တဲန်းကို ခေါ်လာခဲ့ရသည်။
အကိုကြီးတို့ ထိုင်နေကြ U &Meဆိုင်ထဲကို ရိပေါ်နဲ့ကျိရန်တို့အတူ ဝင်လာကြရင်း ဆိုင်ထဲကို ဝေ့ဝဲရှာမိတော့ ထင်သည့်အတိုင်း အကိုကြီးတို့သူငယ်ချင်းလေးယောက်အပြင် မနက်ကပါလာတဲ့ အမကြီးပါထိုင်နေသည်။
"အကိုကြီး....."
ရိပေါ်တို့ကိုမမြင်ဘဲ သူတို့ဘာသာ စကားကောင်းနေကြသည့် ဟိုက်ခွမ်းတို့ဝိုင်းကို သွားကာ ခေါ်မိတော့မှ
"လာ ဝမ်လေး.....ဪ သူငယ်ချင်းပါ ပါလာတာလား....."
ခပ်ပြုံးပြုံးမျက်နှာထားနဲ့ မော့ကြည့်ကာ နှုတ်ဆက်လာတဲ့ ဟိုက်ခွမ်း။ရိပေါ်လေးကို ကြည့်ရင်း ပြုံးရွှင်သွားတဲ့ မျန်မျန်က
"လာ မား...အဲ မမဘေးမှာထိုင် ကလေးလေး...."
မျန်မျန်က ရိပေါ်လက်ကိုဆွဲကာ သူ့ဘေးမှာထိုင်ခိုင်းတော့ ရိပေါ်နဲ့ ကျိရန်လဲ နေရာယူလိုက်ကြသည်။ဘေးတိုက်အနေအထားနဲ့ ရိပေါ်ကို မျန်မျန်သေချာစိူက်ကြည့်နေမိသည်။
"ကြည့်ပါဦး......အနီးကပ်တွေ့ရတော့မှ ကလေးလေးက ပိုပြီးဖြူဥနုဖက်နေရော.....အသားရည်ကောင်းလိုက်တာ......ချစ်စရာလေး....."
ချစ်ခင်ရင်းနှီးလိုဟန် အတိုင်းသားနဲ့ ဆိုလာတဲ့ နွေးထွေးသောအမကြီးကြောင့် ရိပေါ်ပြုံးပြလိုက်မိသည်။
"အိုက်ယိုး.....အပြုံးလေးက ချိုလိုက်တာ.....မမနာမည်လဲ မှတ်ထားနော် မျန်မျန်တဲ့.....ကလေးလေးအကိုကြီးနဲ့ သူငယ်ချင်းတွေ....."
မျန်မျန်မနေနိုင်မထိုင် သွေးကြောစိမ်းလေးတွေပင် ယှက်ဖြာနေသည့် သားအလှလေးရဲ့ ပါးဖောင်းဖောင်းလေးတွေကို ဆွဲဖျစ်ရင်း ပြောမိတော့ သူ့ဘေးတဖက်မှာ ထိုင်နေတဲ့ ရှောင်းကျန့်က သူမလက်ကိူဆတ်ခနဲရိုက်ချလိုက်ကာ
"ပေါက်စလေးအသားက နုနုလေး.....နင့်လက်ကြမ်းကြီးနဲ့ မဆွဲစမ်းနဲ့....."
"ဟင်း....ဟင်း....ဟင်း......"
မီးယပ်ချမ်းထလာသလို တဟင်းဟင်းရယ်ရင်း ငါသိတယ်ဆိုတဲ့ အကြည့်ကြီးကြောင့် ရှောင်းကျန့်ဂြိုဟ်ပေးလိုက်တာတောင် မျန်မျန်တို့က မဖြုံရေးချမဖြုံပါချေ။ရှောင်းကျန့်ပြောလဲ ပြောချင်စရာ။အလှလေးက အိစက်နူးညံ့နေတဲ့ ပေါက်စီလေးလိုဘဲ။
VOCÊ ESTÁ LENDO
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)