Chapter 12

1.8K 134 18
                                    

"ထိုင်နေ....ငါသွားဖွင့်မယ်...."

"ဟုတ်..."

တံခါးဘဲလ်တီးသံကြောင့် တံခါးသွားဖွင့်ဖို့ ကြံရွယ်နေတဲ့ leoကို ရိပေါ်ခပ်တင်းတင်းကြည့်ကာ အသံပြတ်နဲ့ဆိုလိုက်မှ ငြိမ်သွားပေသည်။

တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ မျက်နှာချောချောကြောင့် ရိပေါ်အံ့ဩသွားရသည်။သူတို့ကျောင်းက အဆောင်သစ်ဆောက်နေတဲ့ အင်ဂျင်နီယာဟိုကောင်လေး။

"မင်္ဂလာပါ ကို...အဲ ဆရာဝမ်....ကျနော် Seanပါ ဆရာ....."

သူ့ကို leo ခေါ်သလို ကိုကိုလို့ခေါ်ကာ ရင်းနှီးဖို့ကြိုးစားချင်နေတဲ့ ထိုကောင်လေးကို မျက်မှောင်ကျုံ့ကြည့်လိုက်မှ လေသံပြောင်းသွားသည်။

"အင်း...."

ရိပေါ်အရှေ့ကနေ ဦးဆောင်ပြီး ဧည့်ခန်းထဲမှာ ဝင်ထိုင်လိုက်မှ leoနဲ့ Seanက အနောက်ကနေ လိုက်လာကြသည်။

"ဆရာဝမ်တို့စားဖိူ့ ကျနော်သစ်သီးဝယ်လာခဲ့တာ....ဘာဝယ်ရမှန်းလဲမသိလို့လေ....."

သစ်သီးခြင်းကြီးကို စားပွဲပေါ်တင်ပေးရင်း ခပ်ပြုံးပြုံးဆိုလာတဲ့ Seanကို ရိပေါ်သေချာကြည့်နေမိသည်။တယောက်ယောက်နဲ့ ဆင်နေသလိုလိုဘဲ။

"မလိုပါဘူး ရတယ်.....ငယ်လေး ဧည့်သည်အတွက် တခုခုလုပ်ခဲ့ပါဦး...."

"နေပါ ဆရာဝမ်ရဲ့....တကူးတကမလုပ်ပါနဲ့....."

အားနာသလို အပြုံးလေးနဲ့ အငြင်းစကားဆိုနေတဲ့ Seanကို ရိပေါ်လျစ်လျူရှုကာ leoဘက်ကို မျက်ရိပ်မျက်ခြေပြလိုက်မှ အမောင်leoက လှည့်ကြည့် လှည့်ကြည့်နဲ့ ထထွက်သွားပေသည်။

"နာမည်က Seanနော်....ငယ်လေးပြောပြထားလို့ မင်းတို့ ရည်ငံနေတဲ့ကိစ္စ ငါသိသင့်သ‌ေလာက်သိထားပြီးပြီ...."

Leoထွက်သွားမှ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Seanကိုကြည့်ကာ ရိပေါ်ပြောလိုက်ခြင်းဖြစ်သည်။

"ဟုတ်ပါတယ် ဆရာဝမ်....ဆရာသိထားသလိုဘဲ ကျနော် ချာတိတ်လေးကို မေတ္တာရှိပါတယ်...."

"မောင်ရင့် မိဘများက ဘာအလုပ်လုပ်ကြလဲ....ဘယ်ဇာတိများလဲ...."

"ဟုတ်...ကျနော့်daddyက ပေကျင်းမှာဆောက်လုပ်ရေးကုမ္ပဏီထောင်ထားပါတယ်ခင်ဗျ....တခြားစားသောက်ကုန်နဲ့ အထည်အလိပ်လုပ်ငန်းတွေလဲရှိပါသေးတယ်.... Mommyကတော့ ကျနော်ငယ်ငယ်ထဲက ဆုံးပါးသွားတာပါ....အခု ဒီကိုလဲ daddyလွတ်လို့ ကျနော်လာရင်းနဲ့ ချာတိတ်လေးနဲ့ လေယာဉ်ပေါ်မှာဆုံခဲ့တာပါ....နားနဲ့မနာ ဖဝါးနဲ့နာပါ ဆရာ....ဆရာတို့သဘောတူ ခွင့်ပြုမယ်ဆိူရင် ကျနော် ချာတိတ်လေးကို တင့်တောင်းတင့်တယ်နဲ့လက်ထပ်ယူချင်ပါတယ်....."

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Where stories live. Discover now