"ဝမ်ရိပေါ်....."
ဒေါနဲ့မောနဲ့ ခေါ်လိုက်သံနဲ့အတူ ရိပေါ်စုတ်တံကိုင်ထားတဲ့ ရိပေါ်လက်ကလေးကနေ ဆွဲလှည့်ခြင်းကိုခံလိုက်ရသလို တဆက်ထဲမှာလဲ ရိပေါ်ဘေး ရပ်နေတဲ့ ရှီဟွမ်ကိုပါ ဆွဲထိုးချလိုက်တဲ့ ရှောင်းကျန့်ကြောင့်
"ခွပ်....."
"အကို...."
မျက်လုံးအဝိုင်းသားနဲ့ သူ့ကိုပြန်ကြည့်လာသော ရိပေါ်ကငေးကြောင်ကြည့်နေရာမှ လဲကျသွားတဲ့ ရှီဟွမ်ကို ဂရုတစိုက်ကြည့်ပေးရင်း
"အဲ့ဒါကဘာလုပ်တာလဲ.....ဟမ်....."
သူ့ကို ခပ်စူးစူးလေးကြည့်ကာ မေးလာတဲ့ ရိပေါ်ကြောင့်ရော ဘေးမှာရှိနေတဲ့ မချိုမချဉ်မျက်နှာပေးနဲ့ Chemistryက ရှီဟွမ်ကြောင့်ပါ ဒေါသတို့က နှစ်ဆတိုးသွားရသည်က ရှောင်းကျန့်ပင်။
"ထိုးလိုက်တာလေ....ဘာလဲ မင်းအကောင်ကိုထိလို့နာသွားတာလား......"
သူ့ကိုစူးစူးရဲရဲစိုက်ကြည့်ကာ မေးလာတဲ့ ရှောင်းကျန့်ရဲ့ ဒေါသသံခပ်ကျိတ်ကျိတ်ကြောင့်
"စကားပြောတာဆင်ခြင်ပါ.....ဘာကိုမင်းအကောင်လဲ ခင်ဗျားစကားပြောတာ လွန်မလာနဲ့နော်....."
မဝင့်မရဲလေး ရိပေါ်ပြန်ပြောမိေပမဲ့ စတွေ့ထဲက ဒီလိုအော်ဟစ်ဖို့ဝေးစွ ရှောင်းကျန့်က လေသံမာမာနဲ့တောင်မဆိုဘူးပေမဲ့ ရှောင်းကျန့်ကို ရိပေါ်ကြောက်ပါသည်။
"ဘာ...ငါက လွန်တယ် ဟုတ်လား.....အဲ့ကောင်နဲ့ မင်းဘာလုပ်နေတာလဲ....."
ပန်းချီအခန်းထဲရှိ လူတွေအကုန်ရဲ့ မျက်လုံးတွေကလဲ ရိပေါ်တို့ထံရောက်နေရပြီမို့ ကြောက်တာရော ရှက်တာပါပေါင်းစုံနေရပြီး ရိပေါ်ငိူချင်လာမိသည်။
"ပ....ပန်းချီဆွဲနေတာပါ....."
"လိုသလား.....ပန်းချီဆွဲတာက မင်းလက်ကိုထပ်ကိုင်ပြီး ဆွဲကြဖို့လိုသလား.....ဘာလဲ ဝမ်ရိပေါ်က ငါ့ကိုကြိုးရှည်ရှည်နဲ့လှန်ထားပြီး ဒီကောင်နဲ့ တွဲခုတ်ချင်နေတာလား......"
"အကို!....."
မဖွယ်မရာတဲ့စကားအသူံးကို ရှောင်းကျန့်သတိထားမိပေမဲ့ နှုတ်ကထွက်သွားပြီးချေပြီ။မတက်နိုင်တော့ပေ။
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)