ကျောင်းရဲ့ အစည်းဝေးခန်းမထဲမှာ ထိုင်နေကြတဲ့လူနှစ်ယောက်ကတော့ တိတ်ဆိတ်စွာနဲ့ပင်။သူသဘောကျ နှစ်ခြိုက်ခဲ့ရတဲ့ ဆံနွယ်ဝါဝါလေးတွေ နေရာမှာ အညိုရင့်ရင်ဆံပင်တို့က ပြောင်းလဲနေသလို မြတ်နိုးစွဲလမ်းခဲ့ရတဲ့ မျက်နှာလှလှလေးထပ်မှာ ရွှေရောင်မျက်မှန်လေးတလက်က နေရာယူထားပေမဲ့ နဂိုအတိုင်း အလှမပျက်ပါဘဲ ပိုလို့သာ ကြည့်ကောင်းနေပြန်သည်။
ရှောင်းကျန့်အကြည့်ေတွကို ရင်မဆိုင်ရဲစွာ ခေါင်းငုံ့ထားတဲ့ ရိပေါ်မှာလဲ ခုံအောက်က လက်လေးနှစ်ဖက်ကို အပြန်ပြန်အလှန်လှန်ပွတ်သတ်နေမိကာ စိတ်လှုပ်ရှားမှုကို ဖြေဖျောက်နေရသည်။အရင်ကလို ဆံပင်ရှည်ရှည်တွေကိုမှ ဖြစ်သလိုစုစည်းထားတက်တဲ့ တက်တူးများစွာနဲ့ ဂျစ်ကန်ကန်လူငယ်လေး ရှောင်းကျန့်မဟုတ်တော့ဘဲ အနောက်တိုင်းဝတ်စုံကို ကျနစွာ ဝတ်ဆင်ထားတဲ့ ကုမ္ပဏီပိုင်ရှင် သူဌေးကြီး Mr.ရှောင်းကျန့်ရဲ့ ပုံရိပ်က တခါလေးမြင်လိုက်ရရုံနဲ့တင် ရိပေါ်အာရုံထဲ တဝဲလည်လည်ဖြစ်နေရသည်။
သူ့ရှေ့မှာ ထိုင်နေတဲ့ ရိပေါ်ရဲ့ လှပကျော့ရှင်းမှုတွေက ယခုထိတိုင် ရှောင်းကျန့်ရဲ့စိတ်ကို ဖမ်းစားထားဆဲပင်။
"ပူတူးလေး....."
ရှောင်းကျန့်ထံမှာ တိုးရှရှခေါ်သံကြောင့် ရိပေါ်ကိုယ်လေး မတ်ခနဲဖြစ်သွားရကာ ရင်ခုန်ခြင်းများက အဆမတန်မြန်ဆန်လာရသည်။
သူ့ကို ပြန်မထူးသလို တချက်လေးတောင်မော့ကြည့်မလာတဲ့ ချစ်ရသူကြောင့် စိတ်ထဲရှိတဲ့အတိုင်း ဆွဲယူပွေ့ဖက်ကာ လွမ်းနေရသမျှ တဝကြီးချစ်ပစ်လိုက်ချင်ပေမဲ့ ရှောင်းကျန့်သက်ပြင်းကျိတ်ချနေရသည်။
"ကလေး....ကိုယ့်ကို ပြောစရာဘာစကားမှ မရှိဘူးလား...."
တုပ်တုပ်မှမလှုပ်ဘဲ ပေတေထိုင်နေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်အသဲယားမိရကာ ခပ်ကျိတ်ကျိတ်ဆိုရင်း လက်မောင်းလေးတဖက်ကို လှမ်းဆွဲလိုက်မိမှ
"Mr.ရှောင်း....အပြုမူတွေဆင်ခြင်ပေးပါ...."
သူသိပ်ကို တမ်းတမက်မောရတဲ့ ဖန်ညိုရောင် မျက်ဝန်းကြည်ကြည်လေးတွေနဲ့ စူးရဲရဲ မော့ကြည့်ကာ ပြောလာတဲ့ စကားသံက တိုးသဲ့သဲ့။
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)