Chapter 15

2K 126 4
                                    

"ဘယ်နှယ့်လဲ daddy....မျက်နှာလဲမကောင်းပါလား...."

ဝိုင်နီတခွက်ကိုင်ကာ ပြူတင်းပေါက်ကနေ အောက်ကို ငုံ့မိုးကြည့်နေတဲ့ daddyနားကို Seanလျှောက်သွားလိုက်ရင်း ဆိုမိတော့

"ကောင်းပါတယ် သားရဲ့....ခရီးပန်းလာလို့ပါကွာ....ဒါနဲ့...ငါ့သားရင်ခုန်သံလေးနဲ့ daddyကို ဘယ်တော့တွေ့ပေးမှာလဲ....မင်းအမွှန်းတင်လွန်းလို့ daddyကတွေ့ချင်နေပြီ...."

ရယ်သွေးသွမ်းရင်း စနောက်လာတဲ့ daddyကို Seanသေချာကြည့်မိတော့ အနည်းငယ်မျက်နှာ နွမ်းနေရုံမှအပ ကျန်တာက အဆင်ပြေနေသည်မို့ daddyပြောသလို ကားအကြာကြီးစီးခဲ့ရလို့ ခရီးပန်းတာဖြစ်မှာပါဟု တွေးမိသည်။

"မနက်ဖြန်တွေ့ပေးမယ်လေ.....သူ့အကိုနဲ့လဲ ဆုံပေးမယ်....လူပျိုကြီးဆိုတော့ စကားပြောရတာ နဲနဲလက်ပေါက်ကပ်တယ်ဗျာ....."

"အေးပါ....Daddyအဆင်ပြေအောင် ပြောပါ့မယ်ကွာ....မင်းdaddyရဲ့ အစွမ်းအစတွေကို ယုံကြည်လိုက်စမ်းပါ Mr.‌ရှောင်း...အဟွန်း ဟွန်း ဟွန်း....."

"ယူံပါ့ဗျာ....Mr.ရှောင်းရဲ့ လူမှုဆက်ဆံရေးကောင်းမွန်ကြောင်း ကျနော်သိပြီးသားမို့ အဆင်ပြေမယ်ဆိုတာ ယုံပါတယ်ဗျာ...."

သားအဖနှစ်ယောက် ရယ်မောလိုက်မိကြသည်။ဘယ်လောက်ဘဲ ‌စိတ်မောစရာကိစ္စတွေကြုံကြုံ သားမျက်နှာလေးမြင်လိုက်ရရင် ရှောင်းကျန့်ရင်ထဲအေးချမ်းသွားရစမြဲပင်။

      ✨✨✨✨✨✨✨✨

"တီးတောင် တီးတောင်...."

အိမ်ရှေ့က လူခေါ်ဘဲလ်တီးသံကြောင့် leoခမျာ ထခုန်မိမတက် လန့်ဖြန့်သွားမိသည်။အခုန်မြန်နေတဲ့ စိတ်ကို တည်ငြိမ်အောင်ထိန်းလို့ ဆံပင်လေးသပ်လိုက်ပြီး

*5tin leo....မင်းလုပ်နိုင်ပါတယ်....*

ကိုယ့်ကိုကိုယ်ပြန်အားပေးရင်း ယောက္ခမလောင်းကြီးနဲ့ တွေ့ဆုံဖို့ စိတ်လှုပ်ရှားစွာနဲ့ တံခါးသွားဖွင့်ပေးလိုက်မိသည်။

"ချာတိတ်လေး....ကိုယ့်daddyပါလာတယ်...."

"ဟုတ် ကို....အိမ်ထဲဝင်ကြပါဦး....."

ရိုးရှင်းသပ်ရပ်လှတဲ့ အိမ်အပြင်အဆင်လေးကိူ ရှောင်းကျန့် ဧည့်ခန်းမှာထိုင်မိကြရင်း မသိမသာအကဲခတ်နေမိသည်။ဆင်းရဲတာ ချမ်းသာက အကြောင်းမဟုတ်။သားက တကယ်ချစ်မြတ်နိုးပြီး သားကို တကယ်မေတ္တာရှိရင် ရှောင်းကျန့်အနေနဲ့ ဘာမှကန့်ကွက်ဖို့မလိုပါ။သားပျော်ရင် ရှောင်းကျန့်အတွက်က အဆင်ပြေနေပါပြီ။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Dove le storie prendono vita. Scoprilo ora