Chapter 8

1.8K 135 8
                                    

"တီ...တီ...တီ...."

အိမ်ရှေ့မှ ကားဟွန်းသံကြားလိုက်တာနဲ့ အိပ်ယာပေါ်လှဲနေရင်းမှ leoဆတ်ခနဲ ခေါင်းထောင်ကြည့်မိသည်။

တဆက်ထဲ စားပွဲပေါ်က နာရီကိုပါလှမ်းကြည့်လိုက်တော့ ၂နာရီထိုးလုနီးနီးမို့ အိပ်ယာပေါ်မှ အမြန်ထကာ အိမ်တံခါးသွားဖွင့်ပေးလိုက်တော့

"ချာတိတ်လေး...."

"ကိုကလဲ စောစောလာပါဆိုတာကို...."

စူပုတ်ပုတ်လေးနဲ့ အလိုမကျစွာဆိုလာတဲ့ ချစ်သည်းညှာလေးကြောင့် seanသဘောကျစွာ ပြုံးလိုက်ပြီး

"Sryပါ အချစ်ရယ်....ကိုယ်အလုပ်ကိစ္စလေးအရေးပေါ်လာလို့ပါကွာ....."

အိမ်ပေါက်ဝမှာ ရပ်နေတဲ့ leoပုခူံးလေးကိုဖက်ရင်း အိမ်ထဲကို seanဝင်လာခဲ့ကာ ဧည့်ခန်းမှာ အတူထိုင်မိကြသည်။

"အခုမှ ၂နာရီရှိသေးတာပါဘဲ.....ချာတိတ်ဘယ်သွားချင်လဲ....ဘာစားချင်လဲ....ကိုယ်လိုက်ပို့ပေးမယ်...."

Seanရဲ့စကားကို Leoခေါင်းယမ်းပြလိုက်ရင်မိကာ တိုင်ကပ်နာရီကို တချက်လှမ်းကြည့်လိုက်ရင်း

"နောက်ရက်မှ သွားကြတာပေါ့....ခုနနေ ကိုကိုပြန်လာတော့မှာ....သူပြန်လာလို့ ငယ်လေးအိမ်မှာမရှိရင် နားညီးအောင်အဆူခံရလိမ့်မယ်....."

"ကိုကိုဆူရင် ကိူယ့်ဆီပြေးခဲ့ပေါ့ ချာတိတ်ရာ....ဘာခက်တာမှတ်လို့ ဟုတ်ဘူးလား....."

"အဲ့လိုပြေးရင် အနောက်ကနေ ဓါးထမ်းပြီး လူပျိုကြီးက လိုက်လာမှာ သေချာတယ်...."

Leoရဲ့နှာ‌ခေါင်းလေးရှုံ့ကာ ဆိုလာတဲ့စကားကြောင့် seanပါလိုက်လံ‌ရယ်မောမိသည်။ထင်မှတ်မထားတဲ့အချိန်တိူလေးအတွင်းမှာ ဒီကောင်လေးကို သူစူးနစ်စွာချစ်ခဲ့မိသလို ချာတိတ်လေးကလဲ သူ့နည်းတူစွာ သူ့အချစ်ကိုတုံ့ပြန်ခဲ့သည်မို့ အခုဆို ချစ်သူရည်းစား‌တွေဖြစ်ကြရပြီ။ချာတိတ်လေးရဲ့ အချစ်ကို သူပိုင်ဆ်ုင်ရခဲ့တာ အရမ်းကံကောင်းသလို ပျော်ရွှင်ရသည်။

"ဪ ဒါနဲ့ ပြောပြရဦးမယ်သိလား....မနေ့က ကျနော်နဲ့ကိုကို ဈေးဝယ်ထွက်ရင်း အပြင်မှာ မုန့်ဝင်စားတော့ ဒေါက်တာဟန်မင်ဆိုတဲ့ ဘဲကြီးနဲ့တွေ့ခဲ့တယ်...."

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Donde viven las historias. Descúbrelo ahora