Chapter 2

2.7K 157 13
                                    

"ဟိတ်....ချာတိတ်...."

လော့ရန်မြို့ဈေးထဲမှာ ဈေးခြင်းကြီးကိုင်ကာ မျက်မှန်လေးနဲ့ ဖြူဖြူဥဥလူတယောက်အနောက်ကနေ ပတ်လိုက်နေတဲ့ ချာတိတ်လေးကိုတွေ့တာကြောင့် Seanလှမ်းခေါ်လိုက်သည်။သူ‌ေလးပြောခဲ့တဲ့ သူ့အကိုဆိုတာထင်တယ်ဟုလဲ တွေးလိုက်မိသည်။

"အော်...ခင်ဗျားဘဲ....ဈေးလာတာလား...."

ရိပေါ် ဈေးဝယ်နေရင်းမှ leoရဲ့စကားပြောသံကြောင့် နောက်ကို လှည့်ကြည့်လိုက်မိသည်။

"အသိတွေလား အငယ်လေး...."

"မဟုတ်...." "ဟုတ်ပါတယ်ဗျ...."

စကားသံက ပြိုင်တူထွက်လာကျပေမဲ့ ဆန့်ကျင်ဘက်ဖြစ်နေသည်မို့ ရိပေါ် မျက်မှောင်တချက် ကျုံ့လိုက်မိသည်။

"သားနဲ့ လေယာဉ်ပေါ်မှာ အတူထိုင်ခဲ့ရတဲ့သူပါ...အသိထဲကတော့ မဟုတ်ပါဘူး ကိုကို...."

ရိပေါ်မျက်နှာအရိပ်ကဲကို သိတဲ့ leoက ဝင်ရောက်ရှင်းပြပေမဲ့ ဟိုအလိုက်မသိတဲ့လူက ကိုကို့ကို အပြုံးကြီးကြီးနဲ့ နှုတ်ဆက်လိုက်သည်။

"ကျနော့်နာမည်က Seanပါဗျ....ဒီက...."

လူငယ်ပေမဲ့ သူ့ကိုယ်သူမိတ်ဆက်တာက တရိုတသေမို့ မကောင်းတက်၍ ရိပေါ်ပြန်နှုတ်ဆက်လိုက်ရ၏။

"ဝမ်ရိပေါ်ပါ....ဈေးဝယ်စရာလေးတွေ ရှိသေးလိူ့ ခွင့်ပြုပါဦး မောင်ရင်...."

"လာ အငယ်လေး....သွားရအောင်....."

အခုထဲက ကိစ္စဖြတ်ထားမှ တော်ကာကျမည်။ထိုကောင်လေးရဲ့ အကြည့်တွေက သူ့ဘေးက leoထံမှာသာ ရစ်ဝဲနေရသည်မို့ leoလက်ကိုဆွဲကာ ထိုနေရာမှ ရိပေါ်ထွက်လာခဲ့တော့သည်။

သူ့ရှေ့ကနေ အကိုဖြစ်သူဆွဲ‌ခေါ်နောက် ယက်ကန်ယက်ကန်နဲ့ပါသွားတဲ့ ချာတိတ်လေးကို ကြည့်ရင်း Seanသဘောတကျပြုံးလိုက်မိတော့သည်။

        ✨✨✨✨✨✨✨

"မနေ့ကမှရောက်တာ....ရှုပ်ရှုပ်ရှပ်ရှပ်တွေ ငါ မကြားချင်ဘူးနော် အငယ်လေး....မဟုတ်ရင် ငါပေကျင်းပြန်ပို့မှာ....."

မီးဖိုခန်းထဲမှာ ဝယ်လာတဲ့ပစ္စည်းတွေကို နေရာချနေရင်းကနေ ရိပေါ် လှည့်မကြည့်ဘဲဆူသလိုလေး ပြောလိုက်တော့

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Onde histórias criam vida. Descubra agora