ဒုကျောင်းအုပ်ဆိုပေမဲ့ တဖက်က စာသင်ရသေးသလို တဖက် စာရင်းဇယားများကိုလဲ ကိုင်တွယ်ရသေးသည့် ဝမ်ရိပေါ်ရဲ့တာဝန်တွေက မသေးလှပေ။ဒါပေမဲ့ ရိပေါ်ကြေနပ်ပါသည်။
အလုပ်များများလုပ်ရတော့ အတွေးများစရာ စိတ်လေလွင့်မှုတွေ နည်းတာမို့ စိတ်ပင်ပန်းရတာ သက်သာသည်မလား။
အခုလဲ ကျောင်းဆင်းလို့ ဆရာ/မတွေ ပြန်ကုန်ကြမှ လုပ်စရာတွေ လက်စသတ်ပြီး ဗီရိုထဲ ထည့်သင့်တာထည့် ကျန်တဲ့ စစ်စရာတွေကို အိမ်မှာလုပ်ဖို့ ယူတန်တာယူလိုက်ပြီး ကားပေါ်ထိုင်မိတော့ ၄နာရီခွဲလုပြီ။
အိမ်ပြန်လမ်းမှာ ငယ်လေးကြိုက်တဲ့ ချောကလက်ကိတ်လေးကိုပါ တခါထဲဝင်ဝယ်ခဲ့မိသည်။လက်ပွန်းတတီးမနေဖြစ်ခဲ့ပေမဲ့ သူ့နားရှိနေတဲ့အချိန်လေးမှာတော့ ဂရုစိုက်ပေးရမယ်ဟု ဆုံးဖြတ်ထားခြင်းကြောင့် ငယ်လေးအကြိုက်လေးတွေကို မသိမသာလေ့လာခဲ့မိသည်။
"ကိုကို ပြန်လာပြီလား.....ဒီမှာ ဧည့်သည်ရောက်နေတယ်......"
ရိပေါ်ကို အိမ်ရှေ့ထိ ထွက်ကြိုရင်း ဆိုလာတဲ့ leoစကားကြောင့် ရိပေါ်မျက်ခုံးလေးတွေ ပင့်ကာ
"ဧည့်သည်....ဘယ်ကဧည့်သည်လဲ....."
"ကိုကို ဧည့်သည်လေ....ကိုကိုနဲ့တွေ့ချင်လို့ တကူးတကလာလည်တာတဲ့...ဟိ ဟိ....."
မချိုမချဉ်ရုပ်လေးနဲ့ ဧည့်ခန်းထဲကို မျက်စပစ်ပြနေသည့် leoကြောင့် ရိပေါ် ငဲ့စောင်းကြည့်မိတော့ မျက်မှောင်လေးကျုံ့သွားရသည်အထိ စိတ်ရှုပ်သွားရသည်။
"ဆရာဝမ် ပြန်လာတာ နောက်ကြလိုက်တာဗျာ....၅နာရီတောင်ထိုးနေပြီ....တယောက်ထဲ သွားတာလာတာ ကျနော်စိတ်မချဘူးဗျာ....."
ဧည့်ခန်းထဲမှာ အခန့်သားထိုင်နေတဲ့ ဒေါက်တာဟန်မင်စကားက ဘာလိုလိုမို့
"စိတ်ပူစရာမရှိပါဘူး ဒေါက်တာ....ကျနော်သူငယ်နှပ်စားလေးမဟုတ်ဘူး....ဒါထက် ဘာကိစ္စရှိလို့လာတာလဲ....."
မျက်နှာထားခပ်တင်းတင်းနဲ့ ဆိုဖာမှာ ဝင်ထိုင်ကာ ရိပေါ်မေးမိတော့
"ကျနော် ဒီနေ့ဂျူတီအားတာနဲ့ ဆရာဝမ်တို့နဲ့အတူ ညစာစားရအောင် ဝယ်လာတာ....."
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)