Chapter 28

1.6K 115 18
                                    

ဝမ်ရိကျိုး ရုံးကနေ အပြန် ကားမီးပွိုင့်မိနေတုန်းမို့ ရပ်စောင့်နေခိုက် သူ့ကားဘေးကို လာရပ်တဲ့ ဆိုင်ကယ်တစီးကြောင့် လှည့်ကြည့်လိူက်မိသည်။ဆိုင်ကယ်ဘီးကြီးအနက်‌ရောင်ကိူမှ  မောင်းတဲ့လူကလဲ အနက်ဝမ်းဆက်နဲ့ နောက်ကထိုင်လိုက်သူကလဲ အနက်နဲ့။

လူငယ်တွေမို့ အနက်ရောင်ကိုများသောအားဖြင့် ဝတ်ဆင်တက်ကြပေမဲ့ ထိုကောင်လေးတွေ ဝတ်ထားခါမှ သူတို့နဲ့ပိုမိုလိုက်ဖက်နေသည့်နှယ်။သို့ပေမဲ့ အရိုးခေါင်းပူံတီရှပ်လက်တိုဖြစ်ကာ ထိုးထားတဲ့ တက်တူးက ကျစ်လစ်တဲ့လက်မောင်းကြွက်သားအုံတခုလုံးနီးပါး။ဒီကြားထဲ ပုခုံးလောက်ထိရောက်တဲ့ ဆံပင်ရှည်ရှည်ကို တဝက်စီးနှောင်ထားသည့် လူငယ်က ခေတ်အထာအရ မိမိုက်နေပေမဲ့ ဝမ်ရိကျိုးမျက်လူံးထဲမှာတော့ ဘယ်လိုမှ ဒေါင့်မကျိုးပါ။

‌မီးပွိုင့်‌မှာ ကားကျပ်လူကျပ်ဖြစ်နေတာတောင် စီးကရက်လက်ကြားညှပ်ကာ ကိုယ့်အိမ်ကိုယ့်ရာလိုဟေးလားဝါးလားနဲ့ လုပ်နေကြတဲ့ ထိုကောင်လေးတွေက အထက်တန်းလွှာအသိုင်းအဝိုင်းမှ လူပေါ်ကြော့သူဌေးသားတွေမှန်းသိသာစွာ။

"ကျန့်....ဟိုကားပေါ်က ဘိုးတော်ကဘာလား....အသားလွတ်ကြီး ငါတို့ကို ဂြိုဟ်ကစ်သွားတာ...."

မီးစိမ်း၍ တဖက်လမ်းကို လမ်းကြောယူကာ မောင်းကွေ့သွားတဲ့ ဗန်ကားအဖြူလေးကို ကြည့်ရင်း ဆိုင်ကယ်နောက်က ဟောက်ရွှမ်းက မကြေနပ်စွာဆိူလာသည်။

"ထားလိုက်ပါကွာ.....ဒိတ်အောက်နေတဲ့ ဘိုးတော်ကြီးတွေက အဲ့လိုဘဲ.....သူတို့ခေတ်ကပူံစံအတိုင်းမဟုတ်ရင် မကြည်ကြတာဘူး.....အိမ်ကဖားသားကြီးအပါအဝင်ပေါ့ကွာ...."

ရှောင်းကျန့်လဲ အဲ့ဘိုးတော်ရဲ့အကြည့်တွေကို မြင်ပါသည်။မျက်‌မှောင်ကုတ်ကြီးနဲ့ ကြည့်ပူံကိုက မတူသလို မတန်သလိုအနေအထား။အဲ့လိုအကြည့်လောက်နဲ့တော့ ရှောင်းကျန့်တို့က မဖြုံပါ။ဆိုင်ကယ်ကိူ အရှိန်တင်ကာ ဟောက်ရွှမ်းအိမ်ကို အရောက်ပို့ပေးဖိူ့သာ အာရုံထားလိုက်မိသည်။

"ဟော....ဟိုမှာ မေ့မေ့သားပြန်လာပြီ.....စောစောစီးစီးပါလား....."

တလမ်းထဲဖြစ်တဲ့ ဟောက်ရွှမ်းကိုအရင်ဝင်ပို့ပေးပြီးမှ အိမ်ထဲဝင်လာတဲ့ ရှောင်းကျန့်အား ဧည့်ခန်းဆိူဖာမှာထိုင်နေကြတဲ့ အမရဲ့စကားကြောင့် မိခင်ဖြစ်သူကပါ လှည့်ကြည့်လို့

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Where stories live. Discover now