Chapter 26

1.6K 112 15
                                    

စာသင်ခန်းရဲ့ ပန်ကာတဝီဝီလည်နေတဲ့ အသံအပြင် lectureသင်နေတဲ့ ပါမောက္ခဆရာမကြီးရဲ့ စာရှင်းပြနေသည်အပ တိတ်ဆိတ်ငြိမ်သက်စွာ။ဆရာမကြီးရှင်းပြနေသည်များကို ရိပေါ်တို့ကျောင်းသားတွေက စိတ်ဝင်တစားနဲ့ လိုက်မှတ်နေခိုက်

"ဝင်ခွင့်ပြုပါ ဆရာမကြီးဗျ...."

စကားသံလာရာကို စာငုံ့မှတ်နေရာမှအကုန်ခေါင်းထောင်ကြည့်လိုက်မိတော့ ဝင်ခွင့်တောင်းနေတဲ့ အကိုအားချန်ကို တွေ့လိုက်ရသည်။ဆရာမကြီးက ခေါင်းငြိမ့်ကာ ဝင်ခွင့်ပြုလိုက်မှ အသီးသီးဝင်ရောက်လာတဲ့ လူက ၅ယောက်။

"မင်္ဂလာပါ ညီလေး ညီမလေးတို့....အကိုတို့က  မင်းတို့နဲ့ majorတူ zoology တတိယနှစ်ကပါ....."

အကိုအားချန်ရဲ့ ရည်ရည်မွန်မွန် နှုတ်ဆက်စကားနဲ့အတူ ချိုသာတဲ့အပြုံးလေးကြောင့် ကျောင်းသား‌/သူတွေ အကုန်လှုပ်လှုပ်ရှားရှားဖြစ်ကုန်ရ၏။

"မင်္ဂလာပါ....."

အတန်းသားကလေးတွေရဲ့ ပြန်လည်နှုတ်ဆက်မှုကြောင့် ကျန်းချန်အသိမှတ်ပြုသလို တချက်ပြုံးပြလိုက်ရင်း

"စာသင်နေတာ အနှောက်ယှက်ဖြစ်သွားကြလားမသိပေမဲ့ အကိုတို့စာရင်းကောက်စရာလေးရှိလို့ပါ....အကိုတို့ကျောင်းမှာ အသင်းဝင်clubတွေ အများကြီးရှိပါတယ်....ကျောင်းသားတယောက်ကို club၂ခုဝင်လို့ရပါတယ်.....အားကစားနဲ့ အနုပညာဆိုပြီး နှစ်ခုခွဲထားတယ်.....အားကစားမှာ ဘောလူံး၊ဘက်စကတ်ဘော၊တင်းနစ်စ်နှင့် တခြားအားကစားနည်းတွေရှိသလို အနုပညာမှာလဲ ပန်းချီ၊ဂီတပြီးတော့ dance clubလဲရှိပါတယ်....."

အတန်းသားတွေကို ဝေ့ဝဲကြည့်ရင်း စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြနေတဲ့ ကျန်းချန်ရဲ့စကားကို မျက်လုံးပြူးလေးတွေနဲ့ စိတ်ဝင်တစားကြည့်နေပါသော ရှောင်းကျန့်ရဲ့ ပေါက်စကြူးလေးက အူးယားစဖွယ်။

သူတို့ဝင်လာတော့ အံ့ဩသလိုတချက်ငေးကြည့်နေပြီးမှ ဟိုက်ခွမ်းကို လက်လှမ်းပြရင်း ပြုံးဖြီးနေတဲ့ ရိပေါ်ကြောင့်  သူ့ဘေးမှာရပ်ဟိုက်ခွမ်းကလဲ ပြုံးပြုံးကြီး လက်ထောင်ပြနေသည်မို့ ကျန်းချန်ရဲ့ အလိုမကျမှုမကြည်လင်မှုတို့က ရင်ထဲမှာ အခိုင်အမာ။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Où les histoires vivent. Découvrez maintenant