Chapter4

2.1K 136 34
                                    

"ဘယ်တွေသွားနေတာလဲ ငယ်လေး...."

အိမ်ထဲဝင်ဝင်ချင်း ဆိုဖာခုံပေါ် စမတ်တကျရှိလှစွာ ခြေချိတ်ထိုင်နေတဲ့ ရိပေါ်ရဲ့မျက်နှာထား တည်တည်အမေးကြောင့် leoခြေလှမ်းလေးများ တုံ့ဆိုင်းသွားရသည်။

"ဟို ကိုကို...အဟဲ ငယ်လေးက ပျင်းလို့ မြို့ထဲလျှောက်သွားကြည့်နေတာပါ....ပြန်ရောက်နေတာ ကြာပြီလား...."

မလူံမလဲဟန်လေးနဲ့ မျက်စံနက်နက်တို့ကို ဟိုဒီလွဲရင်း ပြန်ပြောလာတဲ့ငယ်လေးကြောင့်

"အင်း နာရီလဲကြည့်ဦး.....ဘယ်အချိန်ရှိနေပြီလဲ.....ခုနကကားသံကြားလိုက်ပါတယ်....ဘယ်သူနဲ့ပြန်လာတာလဲ...."

အလိုမကျမှုအထင်းသားနဲ့ ရိပေါ်မျက်မှောင်ကျုံ့ရင်း ဆိုမိ‌တော့

"မသိဘူးလေ....ငယ်လေးက ကိုယ့်ဘာသာပြန်လာတာပါ...အိမ်ရှေ့က ဖြတ်သွားတဲ့ကားနေမှာပေါ့...."

ရိပေါ်စိတ်ထဲဇဝေဇဝါဖြစ်သွားရပေမဲ့ leoကို ခပ်စူးစူးစိုက်ကြည့်မိတော့လဲ ပူံမှန်အတိုင်းဘဲမို့

"အေးပါ....‌ကျောင်းပိတ်ရက်မှ ငါလိုက်ပို့မယ်ပြောထားတာကို...နောက်ရက်တွေကျ တယောက်ထဲလျှောက်မသွားနေနဲ့....စိတ်မချဘူး...."

"ဟုတ်ပါ...."

တော်သေးရဲ့။သူ့ရဲ့မှင်သေသေနဲ့ပြောလိုက်တဲ့အလိမ်အညာစကားကို ကိုကိုယုံသွားလို့။မဟုတ်ရင် နားညီးအောင် တရားဟောခံရဦးမည်။

"ထမင်းစားမှာမလား သွားစားချေတော့....ငါကျောင်းပြန်သွားရဦးမယ်....အိမ်တံခါးတွေကို သေချာပိတ်ထားနော်....ဘယ်သူလာလာ ရမ်းသမ်းဖွင့်မပေးနဲ့ ကြားလား...."

ရိပေါ်ထိုင်နေရာမှ မတ်တပ်ရပ်ရင်း leoကို စိတ်မချစွာနဲ့ မှာတမ်းခြွေနေမိသည်။

"ဟုတ်ကဲ့ပါ ကိုကိုရဲ့....ငယ်လေးကလေးမဟုတ်ပါဘူး...."

"အေး...အဲ့လို ကလေးမဟုတ်လို့ဘဲပြောနေရတာ....ကလေးဆို ငါသွားလေရာ လက်ဆွဲခေါ်သွားလို့ရတယ်...."

"ကဲပါ....စိတ်ချလက်ချသာသွား...ကိုကို့စကား နားထောင်ပြီး အိမ်မှာကောင်းကောင်းနေခဲ့ပါမယ်ဗျာ...."

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Where stories live. Discover now