လှေခါးကြီးပေါ်မှ လက်ချင်းချိတ်လို့ ဆင်းလာတဲ့လူနှစ်ယောက်ကြောင့် ရှောင်းဥက္ကဌကြီးတို့မှာ စူးစမ်းသောအကြည့်များနဲ့လှမ်းကြည့်နေကြသည်။
ဆင်စွယ်ရောင် ရှပ်လက်ရှည်နဲ့ ရှားရင့်ရောင်စတိုင်ပန်ကို တွဲဖက်ဝတ်ဆင်ထားတဲ့ သားဖြစ်သူရှောင်းကျန့်ရဲ့လက်မောင်းတွဲချိတ်ကာ ဆွယ်တာအနီရဲရဲလေးကိုမှ ချည်သားဘောင်းဘီအဖြူလေးနဲ့ လူငယ်လေးကို တနေရာရာမှာ မြင်ဖူးသလိုလိုဟု ရှောင်းသခင်မကြီးစိတ်ထဲမှာတွေးနေမိတုန်း သူမတိူ့ရှေ့ ဝင်ထိုင်လာတဲ့ နှစ်ယောက်ကြောင့်
"ဆင်းလာသေးတယ်နော် Mr.ရှောင်း.....ကျွန်မက မနက်ဖြန်မှလာခဲ့မယ်ထင်နေတာ....."
ရှောင်းမားရဲ့ တွေ့တွေ့ချင်းအငေါ်တူးနေတဲ့စကားကြောင့် ရှောင်းကျန့်သဘောတကျပြုံးလိုက်ပြီး
"ကလေးက မေမေတိူ့နဲ့တွေ့ရမှာ ကြောက်နေလို့ နဲနဲအချိန်ကြာသွားတာ....sryဗျာ...."
"ကလေး.....ဘယ်ကကလေးလဲ...."
အံ့ဩဟန်နဲ့ မျက်ခုံးအစုံကိုပင့်လို့ ပြန်မေးခွန်းထုတ်လာတဲ့ မိခင်ကြောင့် ရှောင်းကျန့်က ကြေနပ်ပြုံးကြီးနဲ့ဖြစ်နေရပေမဲ့ ရိပေါ်ကတော့ ရှက်ရွံ့စွာ မျက်လွာချနေမိသည်။
"ကျနော့်ကလေးပေါ့ မေမေရယ်....မေမေတို့မှတ်မိလား ကျနော် ကလေးကို ရှန်ဟိုင်းစံအိမ်မှာတုန်ူးက တခါခေါ်ခဲ့ဖူးတယ်လေ....ကျနော့်အသက်ညှာလေး ဝမ်ရိပေါ်ပါ မေမေ....."
ပေါင်ပေါ်တင်ထားတဲ့ ရိပေါ်လက်ကလေးတဖက်ကို ဆွဲကိုင်ရင်း ရှောင်းကျန့်ဖြေမိတော့ ရှောင်းပါးနဲ့ ရှောင်းမားက တယောက်မျက်နှာ တယောက်ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။
"အင်း.....ဒီသူငယ်ကို အဲ့ဒါကြောင့် မြင်ဖူးပါတယ်လို့ကြည့်နေတာ.....လက်စသက်တော့ ဝမ်ရိပေါ်ဖြစ်နေတာကို....."
"အဲ့ဒါအသာထားပါဦး.....ငါ့မြေးခိုးပြေးတဲ့ ကလေးက မင်းသားဆိူ....ဘယ်သူနဲ့ရတာလဲ....အခုမှဘယ်ကနေဘယ်လိုပေါ်လာရတာလဲ သား....မင်းဘာတွေလျှောက်လုပ်နေတာလဲ....."
ရှောင်းပါးရဲ့ တရစပ်မေးမြန်းမှုကြောင့် ရင်ခုန်မှုတွေ မြန်ဆန်နေရကာ အသက်ရှုပင်မမှန်ချင်တော့ပေ။ဖြစ်နိုင်ရင် ဒီဧည့်ခန်းကြီးထဲကနေ အခိုးငွေ့တခုအဖြစ် ပျောက်ကွယ်ချင်မိသည်။
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)