Chapter 31

1.5K 112 13
                                    

"ကလေးလေး.....ကိုကို့ကလေးလေး....."

ရိပေါ်တို့အိမ်ရှေ့က ခြံလွတ်ကြီးကို ကြည့်ကာ ကလေးလေးဟုသာ ထပ်တလဲလဲနဲ့ ရှောင်းကျန့်ခေါ်နေမိသည်။

"မရည်ရွယ်ပါဘူး ကလေးရယ်.....ကိုကိူမှားသွားပါတယ်....တောင်းပန်ပါတယ်ကွာ....အေ့...ဟောက်ရွှမ်း...ကလေးလေးက ငါ့ကိုစိတ်ကုန်တယ်တဲ့ကွာ.....‌ောက်ရမ်းခံစားရတယ်သိလားအေ့...."

ရှောင်းကျန့်ဘဝမှာ တခါမှ ဒီလိုလူမှန်းသူမှန်းမသိအောင်ထိ မမူးဘူးပေ။အခုတော့ ရိပေါ်တို့အိမ်က လမ်းဟိုဘက်ကအိမ်လား ဒီဘက်ကအိမ်လားမသိနိုင်ဘဲ စွတ်အော်နေသည်။

"ဟေ့ကောင်တွေ.....ဒါလူအိပ်ချိန်ကွ.....ဘယ်ကအပေအတေတွေလဲ....မင်းတိူ့မိဘတွေက မဆူံးမထားဘူးလား....."

အမှုတွေဖတ်ပြီး အိပ်မလို့လုပ်နေတုန်း အိမ်ရှေ့မှာလာ အော်ဟစ်နေတဲ့ အသံတွေကြောင့် ဝမ်ရိကျိုးတယောက် ဒေါသဖြစ်ဖြစ်နဲ့ ထွက်အော်မိသည်။

မျက်လုံးတွေဘဲ ဝေဝါးနေသလား။ရင်ထဲမှာဘဲ ပူလောင်ပြင်းရှနေသလား။ဘာကိုမှမသိတော့သော ဗလာဟင်းလင်းခံစားချက်ကြီးကသာ ရိပေါ်ရင်ထဲစိုးမိုးမင်းမူနေရသည်။

ရင်နဲ့မဆန့်သော အရာခပ်သိမ်းတို့က စုပြုံတိုးဝေ့နေကြသယောင်။တခဲနက်အမှောင်။အမှောင်ထဲမှ ပြိုးပြက်လင်းလက်မှုများ။အလင်းတန်းစူးစူးဆီမှ အသံတွေဟာ တိုးလာလိုက် ကျယ်သွားလိုက်နဲ့ လေးလံတွန်းထိုးလို့ ဝင်ရောက်လာကြသည်။

မူးရူးအော်ဟစ်ခါ ရိပေါ်တို့အိမ်ရှေ့မှာ လာရောက်သောင်းကျန်းနေတဲ့ အကိုရှောင်းကျန့်အသံကြောင့် ရိပေါ်နားကိုလက်ကလေးနှစ်ဖက်နဲ့အုပ်ထားရင်း အသံတိတ်ကျိတ်ငိုနေမိသည်။

အောက်ထပ်က မားမားရဲ့ တားဆီးသံတွေ၊ပါပါးရဲ့ ဒေါသဖြစ်ဖြစ်နဲ့‌ ပြောနေတဲ့သံတွေနဲ့ ‌အကိုရှောင်းကျန့်တို့ရဲ့ အော်ဟစ်သံတွေက တိတ်ဆိတ်ငြိမ်းချမ်းလှတဲ့ ရပ်ကွက်လေးထဲမှာ ဝေဝေစီစီ။အကိုကသူ့ကို နေ့လည်ကလဲ ကျောင်းမှာအရှက်ခွဲရုံနဲ့ အားမ‌ရသေးလို့ အခုလို အိမ်ရှေ့ထိလာ သောင်းကျန်းနေတာလား။

ရိပေါ်လူလူံးထွက်လို့ အောက်ကိုဆင်းပြီးမျက်နှာမပြရဲပါ။မိမိကို မြင်လိုက်ခါမှ ပိုမိုဆိုးဝါးသွားနိုင်တဲ့ ဒေါသတွေက ချစ်လှစွာသော ဖခင်မှာရော အကိုရှောင်းကျန့်မှာပါ ဆပွားတိုးလာဖို့က ရာနှုန်းပြည့်သေချာသည်မို့ ကိုယ့်အခန်းလေးထဲမှာသာ အမှောင်ချရင်း ထိုင်ငိုနေမိသည်။

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Where stories live. Discover now