လောကကြီးမှာ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူးသူ့အချိန်တန်ရင် ဘွားခနဲနဲ့ ပေါ်ပေါက်လာရတာတွေကြည့်ပါဘဲ။
သူ့သိက္ခာသူ့အတ္တတခုထဲကြည့်ပြီး ကိုယ့်သွေးသားကိုချနင်းရက်ခဲ့တယ်လို့ leoတွေးခဲ့မိတဲ့အတွက် တောင်းပန်ပါတယ် ပါးပါး။
ဆယ်ကျော်သက်အရွယ်လေးမို့ ကလေးတယောက်နဲ့ ကသီရမဲ့ ပါးပါးအဖြစ်ကို သားစာနာနိုင်ပါပြီ။ဖိုးဖိူးတို့ရဲ့ ခွဲခွာမှုကြောင့် လူ့ပုံအလယ်မှာ အဖေမရှိတဲ့ကလေးအဖြစ် မျက်နှာမငယ်စေဖို့ ပါပါးရင်ကွဲခံပြီး သားကိူအဝေးမှာ ထားခဲ့ရတဲ့ ပါပါးရဲ့ နှလုံးသားက စေတနာမေတ္တာတွေကို သားနားလည်ပါပြီ။
ပါးပါးရဲ့ စေတနာဖန်တီးချက်က အရာထင်ခဲ့တာပါဘဲ။ရှေ့နေကြီးဝမ်ရိကျိုးရဲ့သားအဖြစ်နဲ့ သားဘဝကို ကောင်းကောင်းရှင်သန်ခဲ့ရတယ်။
ကျနော်လေးစားအားကျရတဲ့ ကိုကိုနဲ့တူတယ်လို့ လူတွေကပြောကြရင် ကျနော်သိပ်ပျော်ခဲ့တာ...ကိုကိုကျောင်းပိတ်လို့ အိမ်ပြန်လာရင် မားမားတို့ကို ချွဲသလို ပါးပါးနဲ့ ကျနော်က တရင်းတနှီးနေချင်ခဲ့ပေမဲ့ မျက်နှာထားခပ်တင်းတင်းလေးနဲ့သာ ဆက်ဆံတဲ့အခါ ကျနော်ဝမ်းနည်းရတယ်။
ကိုကိုသိလား....။
"Leo မင်းအဖေလာကြိုတယ်...."လို့ပြောကြရင် အဖေမဟုတ်ဘူး ငါ့အကိုလို့ ပြန်ဖြေခဲ့ရတဲ့ကျနော်က ပါးပါးဝမ်ရိကျိုးကိူ "မင်းအဖိုးလားလို့မေးကြတဲ့ စကားသံတွေကြားမှာ အတွေးတွေများခဲ့ရတယ်။ငယ်ငယ်လေးထဲက သူငယ်ချင်းတွေကြားမှာ အဖိုးအရွယ်ကို အဖေတော်နေရတဲ့ ကျနော်ကလေ ပါးပါးကိူ ကိုကိုလို့ခေါ်ခဲ့ရပေမဲ့ ကျနော့်အဖေဖြစ်စေချင်ခဲ့တာ....။အခုတော့ ကျနော်ရဲ့ တိတ်တခိုးဆန္ဒလေးပြည့်မြောက်ခဲ့ရပြီ။
"ပါးပါး...."
"သားတောင်းပန်ပါတယ်.....ပါးပါးမေတ္တာတွေကို နားမလည်ဘဲ စော်ကားရိုင်းပြခဲ့မိလို့ သားတောင်းပန်ပါတယ်....."
ပါးပါးဟုခေါ်ရင်း လက်အုပ်ချီကာ ရိပေါ်ရှေ့မှာ ဒူးတုပ်ထိုင်ပြီး တောင်းပန်စကားဆိုလာတဲ့ သားကြောင့် ရိပေါ်ရင်ထဲ ပီတိတို့က အလုံးအရင်း။
![](https://img.wattpad.com/cover/288689989-288-k881596.jpg)
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)