Chapter 39

2.3K 141 36
                                    

ဟင်းမျိုးပေါင်းများစွာနဲ့ ဘုရင့်စားတော်ပွဲလို ပြင်ဆင်ထားတဲ့ ထမင်းစားပွဲဝိုင်းကြီးကတော့ စားသူကင်းမဲ့ကာ တိတ်ဆိတ်နေရှာသည်။အိမ်ကြီးရှင်သခင်တွေကတော့ ညစာစားပွဲဝိုင်းကိူ ဥ‌ပေက္ခာပြုလို့ သူတို့သောကနဲ့သူတို့ဖြစ်နေကြပေမဲ့ ဝမ်နင်တယောက် မွှေးပျံ့ဟင်းလျာအနံ့များကြောင့် ဗိုက်ထဲက တဂွီဂွီမြည်နေပါပြီ။

ထို့ကြောင့် မနေနိုင်တော့တဲ့အဆုံး သခင်လေးseanတို့ညီအကိုကို ဝမ်နင်သွားခေါ်လိုက်ရသည်။စာရင်းရှင်းမယ်ဆိုတဲ့ သခင်ကြီးတို့ကိုတော့ ဝမ်နင်မပြောရဲပါ။ဒေါသမြှားဦးက ကိုယ့်ဘက် အချိန်မရွေးရွေ့လျားနိုင်ပြီး ခေါင်းပြတ်မဲ့အလုပ်မျိုး ဝမ်နင်တို့မလုပ် လုပ်ရင် ဝမ်နင်မဟုတ်။

"သခင်လေး.....ညစာစားကြရအောင်လေ....leoလေးလဲဗိုက်ဆာနေရောပေါ့....."

အခန်းတံခါးဝကနေ ခေါင်းပြူထွက်ကာ ညစာစားဖိူ့လာခေါ်တဲ့ daddyအတွင်းရေးမှုး အကိုဝမ်နင်ကြောင့် seanလဲ အခုမှသတိရသွားကာ နာရီကိုလှမ်းကြည့်မိတော့ ည၈နာရီပင် ထိူးလုနေပြီ။

"အင်း....ကျနော်တို့လာခဲ့မယ် အကိုဝမ်နင်...."

Seanခေါင်းငြိမ့်ဖြေလိုက်တော့မှ ဝမ်နင်ကပြန်သွားသည်။အိပ်ယာထပ် ငုတ်တုတ်လေးထိုင်နေတဲ့ leoလေးကိူ လှည့်ကြည့်ကာ

"ငယ်လေး....ကိုယ်...အကိုတို့ ညစာစားကြရအောင်...."

ပြောနေကြမို့ ကိုယ့်လို့သူံးနှုန်းချင်ပေမဲ့ အခုချိန်က ညီအကိုတွေဖြစ်ကုန်ပြီမလား။ထိုအ‌ တွေးကြီးက မေ့ထားတာတောင် ရောက်ရောက်လာပြီး seanစိတ်ကို နှိပ်စက်သည်။leoကလဲ သူ့စကားအသူံးကို နားလည်သည့်အလား မျက်စံနက်နက်တို့ကို အားဟန်ဟန် စိတ်မကောင်းဟန်အတိုင်းသားနဲ့ လွဲဖယ်လိုက်ပြီး

"မစားချင်ဘူး...."

တိုးတိမ်စွာဖြေလာတဲ့ ချာတိတ်လေးရဲ့မျက်နှာနုနုလေးကလဲ နွမ်းလျစွာမို့ seanပင့်ရှိုက်မိပြန်သည်။

"မစားလို့ မဖြစ်ဘူးလေ....မနေ့ကလဲ တနေကုန်ဘာမှမစားထားဘဲနဲ့....ဗိုက်မဆာဘူးဆိုတာ ဖြစ်နိုင်ပါ့မလား.....လာပါ ငယ်လေးက လိမ်မာပါတယ်...."

ရင်ခွင်ရိပ်သို့ အလွမ်း(ရင်ခွင်ရိပ်သို့ အလွမ်း)Where stories live. Discover now