ထင်းရူး၊ချယ်ရီ၊စိန်ပန်းနီ၊စိန်ပန်းပြာနှင့် ကုက္ကိုပင်အုပ်အုပ်ဆိုင်းဆိုင်းတွေရှိကာ ကျယ်ဝန်းလှသလို အေးချမ်းတိတ်ဆိတ်လွန်းသော လော့ရန်မြို့အထက်တန်းကျောင်းကြီး။
ရိပေါ်တို့ဆရာများ နားနေခန်းကရဲ့ ဝရံတာမှ လှမ်းကြည့်လျှင် ပေကျင်းမြို့က အလှုရှင်ရဲ့ကုသိုလ်ဖြစ် ကျောင်းဆောင်ကြီးတည်ဆောက်နေတာကို လှမ်းမြင်ရသည်။
"ရိပေါ်...."
သူ့နာမည်ကိုခေါ်ရင်း ဘေးမှာလာရပ်လို့ ကော်ဖီတစ်ခွက်ပေးလာတဲ့ ယွီပင်းကြောင့်
"ကျေးဇူး ယွီပင်း...."
ပြုံးသည်လဲမဟုတ်တည်သည်လဲမဟုတ်တဲ့ မျက်နှာထားလေးနဲ့ ကျေးဇူးစကားဆိုလာတဲ့ ရိပေါ်က ကော်ဖီခွက်ကိုယူကာ အရှေ့ကိုပြန်လှည့်သွားသည်မို့
"အလုပ်လုပ်ကြတာ မြန်တော့မြန်သားကွ....ဟိူတရက်မှ ဖောင်ဒေးရှင်းဘဲရှိသေးတယ်....အခု တိုင်တောင်ထူနေကြပြီ...."
ကျောင်းဆောင်အသစ်ဆောက်နေတဲ့ နေရာကို ကြည့်ရင်း ပြောလာတဲ့ ယွီပင်းကြောင့်
"အင်း....ဟုတ်တယ်....အင်ဂျင်နီယာလေးက အသက်ငယ်ပေမဲ့ ဦးစီးတာ တော်ရှာတယ်....အလုပ်လုပ်တဲ့နေရာမှာလဲ မခိုမကပ်တော့ အလုပ်တွင်တာပေါ့ကွာ....."
ဘယ်သူ့ကိုမှ ချီးကျူးစကားမဆိုဘူးတဲ့ ရိပေါ်ထံမှ စိတ်လိုလက်ရချီးကျူးနေတာမို့ ယွီပင်းမျက်ခုံးပင့်လျက် ပြုံးလိုက်မိသည်။
*အကြောင်းမသိသေးတော့ ယောက်ဖလောင်းကို ချီးကျူးနေတာ.....leoရဲ့ရည်ငံနေတာသာ သိရင် ဘယ်လိုနေမလဲ သိချင်စမ်းမိတယ်....*
ဟိူတရက်က မြို့ထဲကို ကိစ္စတခုနဲ့သွားရင်း ဟိူအင်ဂျင်နီယာလေးနဲ့ လက်ချင်းတွဲကာ လျှောက်လည်နေတဲ့ leoကို ယွီပင်းမြင်ခဲ့ရသည်။သူ့ကိုတွေ့သွားတဲ့ leoတို့က ရိပေါ်ကိုပြန်ပြောမှာကြောက်သည်မို့ မပြောဖို့ အတန်တန်မှာကြားခဲ့ခြင်းကြောင့်သာ ယွီပင်းနှုတ်ဆိတ်နေရခြင်းဖြစ်သည်။
တဖက်က ကြည့်ပြန်တော့လဲ မိတ်ဆွေကောင်းမပီသသလိုဖြစ်မှာလဲ ဆိုးကာ တဖက်က ကိုယ့်စကားတခွန်းကြောင့် ချစ်သူနှစ်ဦးကွဲကြရမှာကိုလဲ စိတ်မကောင်းဖြစ်မိသည်။
YOU ARE READING
ရင်ခွင်ရိပ်သို့ အလွမ်း(ရင္ခြင္ရိပ္သို႔ အလြမ္း)