Part-(2)

5.1K 446 2
                                    

မြင်မြင်ချင်းမှာ အချစ်က

နှလုံးသားကိုမတုန် လှုတ်စေခဲ့ဘူးဆိုရင်တောင်

မြင်နေရင်းနဲ့ နှလုံးသားသစ်ငုတ်လေးကို အချစ်က

ယိုင်နဲ့ စေနိုင်တယ် မဟုတ်လား

..............................................................

"ဝမ် မင်းက ဘယ်နေရာထိလိုက်ပို့ ပေးမှာလဲ"

"သခင်လေးရဲ့ စံအိမ် ရောက်တဲ့အထိပါ အစ်ကိုလေး"

"မင်းသခင်လေးရဲ့ စံအိမ်က နယ်စပ်နဲ့ နည်းနည်းနီးတယ်ဆို"

အကဲခတ် သလိုလေးအမေးကို ဝမ်က အနည်းငယ် ရိပ်မိဟန်ရှိပုံရပါသည်။ ကားမောင်းနေရာမှ တစ်ချက်ကြည့် လာပြီး

"ဟုတ် နီးပါတယ် အစ်ကိုလေး တောတွေတောင်တွေ စိမ့်စမ်း တွေရှိတဲ့ သစ်တောတွေ တော်တော် များများကို သခင်လေးပိုင်ပါတယ်"

တွေးတောစရာ အကြောင်းအရာတွေက ကူးစက်ရောဂါ virus ထက်ပင် အချိန်တိုတိုအတွင်း လွင့်ပျံ့သွား သလိုနှယ်
သူနှင့်လက်ထပ်ပြီး နောက်တစ်နေ့ တစ်ထီးတစ်နန်းနှင့် နေမည်ဟု ကြွေးကြော် ကာ အိမ်က ထွက်သွားသူကလေ နယ်စပ်မှာ လေးနှစ်အတွင်း ဘယ်လိုတောင်ကြီးစိုးနေရတာလဲ သူလဲဂျောင်ကုထွက်သွားတဲ့ နောက်တစ်နေ့ပဲ Uk ကို ကျောင်းဆက်တက်ဖို့ သွားခဲ့ ရတာ ပင်

"အစ်ကိုလေး..အစ်ကိုလေး"

ဝမ်၏ ခပ်မြင့်မြင့် လေသံကိုကြားလိုက်ရကာမှ အတွေးစတို့က တိကနဲ ပြတ်တောက်သွားရသည်။

"ဘာလဲ ဝမ်"

"ရောက်ဖို့လိုသေးလို့ အစ်ကိုလေးအိပ် ချင်အိပ်လို့ ရသေးတယ်ပြောမလို့ပါ"

"ငါတစ်လှည့် မောင်းပေးလို့ရတယ်လေ မင်းလည်း ပင်ပန်းနေမှာကို"

အမှန်တော့ လေယာဉ်ဖြင့် လာလျှင်တစ်ရက်ပင်မ ကြာမည့်ခရီကိုနှစ်ဆကြာမည့် ကားလမ်းကိုသာ သူရွေးချယ်ခဲ့သည်။ တစ်စုံတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ရမည့် အချိန်တွေကို အနည်းငယ် လျော့ ပါးသွားပါစေ ဆိုသည့် ရည်ရွယ်ချက်ဖြင့်

"မဟုတ်တာ အဆင်ပြေ ပါတယ် အစ်ကိုလေး ရဲ့ နောက်ထပ်မောင်းပေးမယ့်သူ ကိုလည်း သခင်ကြီးကထည့်ပေးလိုက်တာပဲ"

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now