Part-(30.2)

2.9K 276 12
                                    

ုပါးအပ် ထားတဲ့ရင် ခွင်ထဲ က ဆရာဝန်လေးက Bathtub ကိုမှီရင်း မျက်ဝန်းတွေကို မှိတ်ထားတဲ့ မောင့်မေးဖျားကို မော့ကြည့်မိသည်။

ရေစက်တွေ တွဲလွဲခိုနေတဲ့ မျက်နှာချောချောသည် ဆရာဝန်လေးအတွက်တော့ နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် အနှစ်နှစ်အလ လက တစိမ့်စိမ့်ပျိုးပြီး ယုယခဲ့ရသည့် မရိုးနိုင်သော အနုပညာ လေး

အစဉ်လိုက်ပြောင်းလဲ လာတဲ့ မောင့်သွင်ပြင်မှာ သူကတော့ အမြဲတမ်းလိုလို ကျရှုံး နိုင်ဆုံးသူပါ

သူ့ အတွက်ကမောင်ဟာ ကလေးလေးတုန်းကအရောင်လေးတွေအကြောင်းကို နားမလည်တတ်ခဲ့တာမို့ မျက်စိအောက်မှာအမြဲထားချင်ခဲ့သည့် သူ့ရဲ့ အဖိုးတန်ဆုံးအရာလေး

ဆယ်ကျော်သက်ကျောင်းသားလေးဘဝ မှာတော့ မျက်ဝန်းဝိုင်းတွေနှင့် သူ့ရဲ့ဗလာသက်သက်အဖြုရောင်နယ်မြေလေးမှာ အရောင်လေးတွေ ကို ဟိုတစသည်တစမလှမပလေး ခြယ်သခဲ့သူ

နယ်မြေသခင် သူ့အမျိုးသားဘဝမှာတော့ ဆရာဝန်လေး၏့နှလုံးသားနယ်မြေကိုပါ အမိန့်တွေကိုစေစားနိုင်တဲ့ ရှင်ဘုရင်လေးတစ်ပါး

ကာလံဒေသံ အလိုက်မောင့်ဘေးနားက ပတ်ဝန်းကျင် အဆောင်အယောင် ၊ အသက်အရွယ်တွေသာပြောင်းလဲသွားမည်။
ပြောင်းလဲ မသွားခဲ့သည်က မောင့် အပေါ် ထားသည့် သူပေးမသိရဲခဲ့သည့် အထိအခိုက် ခံလို့မရတဲ့ ခံစားချက်တွေ

သည်ယောက်ျား အပေါ်ထားသော သူ့ရဲ့
မရိုးရှင်းလှတဲ့ အရောင်လေးတွေခြယ်ထားခဲ့သည့် ခံစားချက်တွေက ထိုအမျိုး သား၏လက်မောင်းပေါ်က လက်ရာမြောက် တက်တူးတွေထက်ပင် ပိုလှခဲ့ပါသည်။

"မောင်"

"ဗျာ"

ထူးသံလေးနောက်မှာ သူဝိဥာဉ်လွင့်သွား တော့မတတ်
ဘဝမှာ မကြာရနိုင်တော့ဘူးလို့ တရားသေမှတ်ထားမိတဲ့ ထူးသံလေး

"ပြောလေ ဘာပြောမလို့လဲ"

မျက်ဝန်းတွေ မှေးမှိတ်ထားပြီးပြောနေတဲ့ ခပ်ရှရှ အသံ၏ ဆွဲငင်ရာသည် သူ့အသက်ရှူ နှုန်းတွေ အနည်းငယ် ကမောက်ကမ ဖြစ်သွား ရသည်အထိ ပြင်းအားတွေက သက်ရောက်နေခဲ့သည်။

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now