ကျွန်တော့် နှလုံးသားထက်က မောင် ဆိုတဲ့ အက္ခရာလေးက ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် တည်ရှိခြင်းလေးပေါ့
သည်ကမ္ဗည်းငယ်လေးကို ကျွန်တော့်အသက် ကျွန်တော့်နှလုံးသွေးနဲ့ ဘဝတစ်လျှောက်လုံးထုဆစ်ပုံဖော် ခဲ့ရတာမို့
ချစ်တာထက်ပိုတဲ့ မြတ်နိုးရခြင်းတွေက အတိုင်းအထက် အလွန် ဖြစ်ခဲ့သည်ပေါ့
.... .... .... .... .... .... .... .... .... .... ....
"အ..ဖြည်းဖြည်း လုပ်ပါဟ"
တောင်စွယ်နေကွယ် လို့နေမင်းကြီးအနားယူသွားချိန်ဖြစ်တာကြောင့် အမှောင်ဘက်သို့ ကူးသန်းလာပြီ ဖြစ်တာကြောင့် စံအိမ်ကြီးတစ်ခု လုံး လင်းထိန်လျှက်
Jeon က guard တွေအတွက် သီးသန့်ပေးထားသော အခန်းတစ်ခုတွင်သာနေခဲ့သည်။ အဖိုးက စံအိမ်ကြီးတွင်နေရန်ပြောသော်လည်း အချိန်တန်လျှင် မနေချင်လည်းနေ ရမည့် နေရာ ဖြစ်တာကြောင့် ငြင်းဆန်ခဲ့သည်။
ဆက်ခံသူဖြစ်သည်ဆိုသည်ကို ထုတ်ဖော်ပြောရမှာ မကြိုက်သလို အခွင့်အရေး ကိုလည်း ပေးနေတာတောင် ရှောင်ထွက် နေခဲ့တာမို့ အဖိုးအပါအဝင် အဖိုး၏ လူယုံကြီးများက လက်မြှောက်ခဲ့ကြရသည်။
အခုလည်း သူနှင့်မတိမ်းမယိမ်းကောင်လေးက ဆေးထည့် ပေးနေခဲ့ပြန်သည် ။ အဖိုးရဲ့ လူပဲ ဖြစ်မည်ဟုထင်သည်။
"အဆင်ပြေရဲ့ လား နည်းနည်းလေးအားပါသွားတယ် ထင်တယ်"
"ရတယ်.. မင်းကိုတွေ့တာ နှစ်ခါရှိပြီ မင်းနာမည်က ဘယ်သူလဲ"
Jeon ဘဝမှာ ကိုယ့်ဘက်က စမိတ်ဆက်တယ်ရယ်လို့မရှိခဲ့
သည်တစ်ယောက်က တော့ သူ့ထက် အသက်နည်းနည်းကြီးပုံပေါ်သော်လည် ကြည့်လိုက်သည်နှင့် အေးအေးချမ်းချမ်း ရှိလှသော ဥပဓိရုပ်ကလေးမို့ သူ့ဘက်ကစကားစတင်ခြင်းရယ်"ငါ့နာမည် Jung Hoseok မင်းနာမည်က Jeon Jung Kook မဟုတ်လား"
"အင်း"
Jeon ရဲ့ လူမှုဆက်ဆံရေးက သည်လောက်သာ
သူ့နာမည်သိနေသော်လည်း သိပ်မအံသြ
ရောက်ကတည်းက စံအိမ်တစ်ခုလုံး ဗျောင်းဆန်အောင် သူလုပ်ပစ်ခဲ့တာမဟုတ်လား သည်လောက်နာမည်ကြီးနေတာ ကြီးပါစေပေါ့
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...