မောင် မသိခဲ့ဘူး
မောင် ကပိုင်တယ်လို့ ပြောခဲ့တဲ့သူက
မောင့်ရဲ့ စိတ်ဝိဉာဉ် ခန္ဓာ အားလုံး ကို ပိုင်ဆိုင်ပြီးသားဖြစ်နေတယ်ဆိုတာမောင်မသိခဲ့ဘူး
မရစ်ပတ်အောင် နေခဲ့တဲ့ ကြိုးတွေက မှော်ဝင်နေခဲ့ သလို မောင့် ကို တုတ်နှောင်ထား နေပြီဆိုတာမောင်မသိခဲ့ဘူး
မတော်တဆ ခြေ ချမိခဲ့တဲ့ နွံ သေးသေးလေး က မောင့်ကိုပြန်လမ်းမဲ့ သွားခဲ့ ပြီဆိုတာ.... ..... ..... ..... ..... ..... ..... ..... .....
အခန်းတံခါးကို ဖွင့် ဝင်လိုက်တော့ မဟူရာရောင် အခန်းကြီးထဲမှာ တစ်စုံတစ်ယောက်သော သူက ရှိမနေ
အဝတ်အစားတွေကို လဲလိုက်ပြီး မောင်ထွက်လာတော့ လည်း တစ်စုံတစ်ယောက်က အခန်းထဲကို ရောက်မလာခဲ့ပြန်ဘူး
ရောက်မလာခဲ့ သူက မလာခဲ့တော့
မောင်ပဲ မောင့်ပိုင်ဆိုင်မှု လေး ရှိရာကို သွားရတော့မည်။
လသာဆောင် အခန်းထဲ ဝင်လာတော့ Jeon Jimin ကဆိုဖာပေါ်တွင်ထိုင်လျှက် တစ်နေရာကို စူးစိုက်ပြီးကြည့် နေခဲ့သည်။
မောင် မျက်ဝန်းတွေ ကို မှိတ်ကာ သက်ပြင်းချလိုက်ရင်း ဖြည်းဖြည်း လျှောက်သွားလိုက်ပြီးJeon Jimin ၏ မြင်လွှာရှေ့ ပိတ်ရပ်လိုက်မှ အရည်ကြည်ရစ်သိုင်းနေတဲ့ မှေးကျဉ်းကျဉ်း မျက်ဝန်းတစ်စုံ က မော်ကြည့်လာသည်။"မောင်"
"အဆင် မပြေတာတစ်ခုခုရှိလို့ လား"
ပန်းရောင်ပြေးနေတဲ့ ပါးမို့မို့လေး တွေအား မောင်က လက်မနှင့် ဖိပွတ်ရင်းမေးလာသည်။
"မောင် ငါ့ကို ဘာလို့ မချစ်တာလဲ"
"....."
"ငါက... ငါက မင်းအတွက် အစားထိုးခံ မဟုတ်လားမောင်"
ပါးနုနုလေးတွေပေါ်လှုတ်ရှားနေသော မောင့် လက်တွေက ရပ်တန့်သွားရကာ မျက်ခုံးတွေ ကတွန့်ချိုးလာရသည်။
သည်မေးခွန်း ဘာဖြစ်လို့ မေးတာလဲ
Jeon Jimin ကသူ့ကို ချစ်ဖို့ပဲ သိတဲ့ သူလေ
အရင်တုန်းကရော အခုရော သူ့ကိုချစ်ဖို့ကလွဲလို့ဘာဆို ဘာမှမသိခဲ့တဲ့သူ
ဘယ်သူကJeon Jimin စိတ်ကို ဆေးခတ်လိုက်တာလဲ"ငါ အဆင် ပြေမနေဘူးမောင်
ငါ့ကို မချစ်ရင်တောင် ငါက မင်းကို ချစ်ပေးရင် ဘဝကြီးက အဆင်ပြေပြီလို့ထင်ခဲ့တာ
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...