ကျုပ်ဘဝမှာ ကျုပ် bank account ထဲ ဝင်လာမယ့်
ကိန်းဂဏန်း တွေကို ကျော်လွန်ပြီး
ကျုပ်အာရုံတွေကို လာပြီး
ထိကပါးရိကပါးလုပ်နေတဲ့ ပတ်ဂျီမင်းဆို
တဲ့ခင်ဗျားတစ်ယောက်တော့ရှိတယ်။
.... .... ..... ..... ..... ..... ..... ...... ..... ......
ဆယ်ကျော်သက်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းတွေတုန်းကပေါ့"သူက မလာသေးဘူးလား"
အလိုမကျဟန်တွန့်ချိုးနေတဲ့ မျက်ခုံးတွေအောက်က မျက်လုံးဝိုင်းတွေ ကြောင့်သာမဟုတ်ရင် ဆယ်ကျော်သက်လေးတစ်ယောက်လို့ထင်ရက်စရာ မရှိတဲ့ မာထန်နေသောမျက်နှာပေးကို ဘေးက ဒရိုင်ဘာ ဦးလေးကြီးအတွက် မြင်တွေ့နေကြဆိုပေမယ့် စိုးရိမ်စိတ် တို့မလျော့ပါးခဲ့ သခင်လေးအနားရှိနေရခြင်းက အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံး ကိုလက်ကိုင်ထားရတာနှင့် သိပ်မခြားနား
"အစ်ကိုလေးက လာတော့မှာပါသခင်လေး သူလဲ အချိန်ပိုအတန်းတက်နေရလို့ပါ"
Lolipopp ကိုပါးစောင်မှာခဲလို့ ကျောပိုးလွယ်အိတ် ကိုခပ်လျော့လျော့ တစောင်းလွယ်ထားတဲ့ ကောင်လေးက ပြေလျော့နေတဲ့ ဖိနပ်ကြိုးကို ချည်နှောင်ခြင်းမပြုဘဲ ခဲလုံးလေးတွေကို ဖိနပ်ဖျားနှင့်ဖိကာ ဆော့ကစား နေလေသည်။
ဆယ်ကျော်သက်အရွယ်ပေမို့ ငယ်ရွယ်မှု လွပ်လပ်မှု တဇွတ်ထိုးစိတ်လေးတွေက အပြည့်... လိုချင်လျှင် ချက်ချင်းရယူလိုက်မည် သူ့အတွက်ကလွဲလို ဘယ်အရာမှအရေးမပါသည့် ပတ်ဝန်းကျင် မှာ ရှင်သန်နေသူအဖို့ တခြားအရာတွေသည် Lolipopp တွေလောက်တောင် စိတ်ထဲမရှိ
"ဟော ပြောရင်းဆိုရင်း လာနေပြီ"
လမ်းကြားဘက်မှ အမောတကော ပြေးလာသူက ဖရိုဖရဲ..စာအုပ်ပစ္စည်းပစ္စယအတော်များများထည့်ထားဟန်တူသည့် ဘေးသိုင်းအိတ်လေးဖြင့် လာသူက အေးစက်စက်ရာသီဥတုမှာတောင် ချွေးစက်လေးတွေနှင့် နုနုရွရွ အသားအရေလေးတွေထက် ခပ်လက်လက်ကလေးတောက်ပနေတာက ကြည့်ကောင်းတာထက်ပိုနေတာမျိုး
Shoeအဖြူ လေးကိုစီးထားပြီး T-shirt အဖြူ နှင့် style pant ကလည်းအဖြူ ဖြင့် all white ဖြစ်သော်ငြား သူက Park Jimin မို့ပို၍လိုက်ဖက်နေသည်ပင်
YOU ARE READING
မောင့် ယောကျာ်း(မောင့် ယောက်ျား)
FanfictionJk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ် Jm-ငါက အရာအားလုံးနဲ့ လိုက်လျှောညီထွေ နေရတာသဘောကျတယ် Jk-ကျုပ် ခင်ဗျားကိုမချစ်ဘူး Jm- လေလုံးထွားလိုက...