Part-(34.2)

3.1K 317 9
                                    


လူသွားလူလာပြတ်တဲ့ လမ်းမကြီတလျှောက် ပြေးနေခဲ့ သည့် လူတစ်စုက အတော်လေး သွေးပျက် ခြောက်ခြားနေသည့် ဟန်
ခပ်လှမ်းလှမ်းမှ cigarette တစ်လိပ်ကို လက်ကြားညှပ်ကာ အေးအေးလူလူ ဖွာရှိုက်ရင်း လက်တစ်ဖက်မှ သေနတ်ကို ကိုင်ကာလိုက်ပါလာသူကို မကောင်းဆိုးဝါး တစ်ယောက် အလား လှည့်ကြည့်ပြီး ပြေးနေကြသည်။

ထိုလူရဲ့ ခြေတစ်လှမ်း တစ်လှမ်းနီးကပ်လာတိုင်း သေရမည့် အချိန် နာရီမိနစ်တွေက ပို၍ ပို၍ နီးကပ်လာကြောင်းကို သူတို့သိသည်။

တစ်နေရာအရောက် တွင်တော့ တံတား အသစ်ပြန်ဆောက်ရန် ဖျက်စီးထားသည့် အပျက်အစီးပုံကြီးနှင့်အတူ ချောင်းခြားနေတဲ့ လမ်းဆုံးကို ရောက်သွားကြရသည်။
သည်လမ်းဆုံက သူတို့၏ ဘဝနိဂုံးအဆုံးသတ်ပေလား မပြောတတ်

"မပြေးကြတော့ဘူး ပဲ"

"Phoenix တောင်း...တောင်းပန်ပါတယ် "

ဒူးထောက်ကာ မြေကြီးထဲ နစ်ဝင်မတတ် တောင်းပန်နေကြတဲ့ သူတွေက မျက်နှာမှာသွေးမရှိတော့သည့်အလား ဖြူရော်လို့

စိတ်ရှုတ်စရာကောင်းတဲ့ လူတွေဆိုတာများ နည်းနည်း လေးမှ မသနားမိ

Jeon Jimin သူ့ကို စိတ်ဆိုးအောင် လုပ်ခဲ့ကြပြီး အခုမှ ပြာပြာသလဲ တောင်းပန်နေကြတာတဲ့
ဘယ်လောက် တောင် စိတ်အချဉ်ပေါက် စရာလဲ

"Lee Min Han ဘယ်မှာလဲ"

တောင်ပန်တာတွေ တိုးလျိုးတာတွေက စိတ်ဝင်စားစရာမကောင်း
သူ့ကို မီးမွှေး ပေးသွားတဲ့ အဲသည် အမှိုက်ကောင်က အရင်တုန်းကလိုပဲ သူ့ကို အနှောက်အယှက်ပေးနေဆဲ

"ကျွန်တော်တို့ ပြောလို့မရပါဘူး"

သူ့လို နယ်မြေသခင်ကို စိတ်အနှောက်ယှက် ပေးနေတဲ့ ကောင်အား သိပ်သစ္စာရှိပြနေခြင်းက ကိုယ့်သေတွင်းကိုယ်တူးနေသလိုပဲ

မပြောချင်တာကို စစ်မေးရတာများ သူ့အဖို့တော့ ဆေးလိပ်သောက်နေရတာလောက်တောင်ဆန်းကြယ်မနေ
ထိုလူ ဒူးထောက်ချနေရာ နေရာသို့သွားလိုက်ပြီး
မြေကြီးပေါ်ထောက်ထားသည့်လက်အား ပြောင်လက်နေတဲ့ shoe ဖြင့် ဖိနင်းပစ်လိုက်သည်။

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now