Part-(22.2)

3.7K 339 20
                                    

စံအိမ်ကြီး၏ ထမင်းစားခန်း တွင်အိမ်အကူများ အပါအဝင် အိမ်တော်ထိန်းကြီး ပါမကျန် မျက်စိနောက်သည်ဟူသော အိမ်ကြီးရှင်၏ အမြင်ကပ်ပုဒ်မတပ်မှုကြောင့် တစ်ဦးတစ်ယောက်မှ မရှိကြတော့

မလှမ်းမကမ်း မှ Apron ဝတ်ထားသော ကျောပြင်ငယ်လေးသည်သာ သီးခြား စက်ကွင်းလွတ်နေသည်မို့ တလှုတ်လှုတ်နှင့် ချက်စရာ ရှိတာချက်ပြုတ်နေခဲ့သည်။

ထမင်းစား စားပွဲမှ ထိုင်ကြည့်ကာ စူပုတ်ကောက်ချိတ် နေတဲ့ သူသည် လူအများကြီးနှင့်နယ်မြေအများအပြားကို အုပ်စိုးနေသော နယ်မြေသခင်ဆိုသည်မှာ ယုံနိုင်ဖွယ်ရာမရှိလှ

သည်နေ့သည် သူရောဆရာဝန်လေးပါအားနေခဲ့တာကြောင့် တစ်နေ့လုံးစာကို ဆရာဝန်လေးကို ဂျစ်တိုက်ပြီး စီစဉ်ခိုင်းနေခဲ့သည်။
နေ့စဉ်မနက်စာအတွက်သာ စီစဉ်ခိုင်းသော်လည်း ဆရာဝန်လေး ၏ မနက်ခင်းသည် လူနာကြည့်ပေးရင်း အချိန်ကုန်ခဲ့သည်ကြောင့် မနက်စာလွတ်သွားရတာမို့ သေနတ်ကိုင်ဆွဲပြီး ဂွစာသည် ဂျစ်လို့ ရစ်လို့မပြီးတော့

တစ်အိမ်လုံး ကိုဗြောင်းဆန်နေခဲ့တာကြောင့် ဆရာဝန်လေးကပဲ ဂွစာ၏ တစ်နေ့လုံးစာကို တာဝန် ယူပြီးအားလုံးကိုအဆောင်ပြန်နေခိုင်းလိုက်မှ မီးကိုရေနှင့်ငြှိမ်းသတ်လိုက်သလို တိတ်ကျသွားခဲ့သည်။

သိပ်မကြာမီ စားချင်စဖွယ် ထမင်းဟင်းလျာတို့သည် မောင့်အရှေ့သို့ရောက်လာခဲ့သည်။ ရောက်လာခဲ့သည့် ထမင်းဟင်းတို့ကို တစ်ခုမှ မတို့မထိဘဲ သူ့ပိုင်ဆိုင်လေးမှု အား ဂြိုလ်ကြည့်ကြည့်နေခဲ့သည်။

"ဘာဖြစ်လို့လဲ စားလေ"

"မစားဘူး"

"သြော် ..အဲဒါဆိုလည်း ပြန်သိမ်းလိုက်တော့မယ်"

ပြန်သိမ်းလိုက်တော့မည်ဆိုမှ မောင့်ရဲ့  မျက်နှာသည် ပို၍ မဲမှောင်လာကာ ဆရာဝန်လေး ၏ လက်ကို ဖမ်းဆွဲထားပြန်သည်။

"စားလည်းမစားဘူး သိမ်းလည်းမသိမ်းခိုင်းပြန်တော့ ဘယ်လိုလုပ်ရတော့မှာလဲ"

"ခွံ့ကျွေး"

"ဟင်"

"ခွံ့ကျွေးလို့ ပြောနေတာဗျာ"

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now